ဖခင်ထံမှ မျိုးရိုးဗီဇဆက်ခံနိုင်တဲ့ လက္ခဏာရပ် ၆ ခု

3-3-2022-yyl35.jpg

ကျွန်တော်တို့ရဲ့ DNA ရဲ့ ၅၀ ရာခိုင်နှုန်းကို မိခင်ဆီကရော ၅၀ ရာခိုင်နှုန်းက ဖခင်ဆီကပါ အမွေဆက်ခံနိုင်တဘ်လို့ ဇီဝဗေဒမှာ လေ့လာသိရှိခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဇီဝဗေဒဆိုင်ရာအချက်က မိဘတစ်ဉီးစီက သူတို့ရဲ့ကလေးထံ ရုပ်ပိုင်းဆိုင်ရာဝိသေသလက္ခဏာတွေနဲ့ မျိုးရိုးဗီဇလက္ခဏာတွေကို ပမာဏတူညီစွာ လွှဲပြောင်းပေးတယ်လို့ မဆိုလိုပါဘူး။ တကယ်တော့ သဘာဝတရားကြီးက အဲဒီဗီဇတွေကို ဖော်ပြဖို့ လိုလားတာကြောင့် ကလေးတွေက သူတို့ရဲ့ဖခင်တွေဆီကနေ မျိုးရိုးဗီဇလက္ခဏာတွေ ဆက်ခံဖို့ ၆၀ ရာခိုင်နှုန်းပိုများပါတယ်။ အခု ဒီဆောင်းပါးမှာ ဖခင်ဆီကနေ မျိုးရိုးလိုက်နိုင်တဲ့ လက္ခဏာရပ် ၆ ခုကို ဖော်ပြပေးချင်ပါတယ်။

အရပ်အမြင့်

“သူက သူ့အဖေလိုပဲ အရပ်ရှည်တယ်နော်” ဆိုတဲ့ စကားကိုတော့ ရင်းနှီးကြမှာပါ။ ဒီအချက်ကို သိပ္ပံပညာရပ်နဲ့ ထောက်ပြကြပါတယ်။ လူတစ်ဦးရဲ့ အရပ်အမြင့်ကို မိဘနှစ်ပါးစလုံးမှ အမွေဆက်ခံတဲ့ မျိုးရိုးဗီဇ အနည်းဆုံး ၇၀၀ နဲ့ ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ မိဘတစ်ဉီးချင်းစီရဲ့အရပ်အမြင့်မျိုးဗီဇက အနည်းငယ်ကွဲပြားတဲ့ပုံစံနဲ့ အလုပ်လုပ်ပုံပေါ်ပါတယ်။ ဖခင်ရဲ့မျိုးရိုးဗီဇက ကြီးထွားမှုကို နှိုးဆွပေးပြီး အရပ်အမြင့်အတွက် အရေးကြီးပါတယ်။ အရပ်အမြင့်နဲ့ပတ်သက်ပြီး ကလေးတော်တော်များများက ဖခင်ရဲ့မျိုးရိုးဗီဇကို ဆက်ခံကြပါတယ်။ ဖခင်က အရပ်ရှည်ရင် သားသမီးက အရပ်ရှည်ပါလိမ့်မယ်။ ဖခင်က အရပ်ပုရင်တော့ သားသမီးက အရပ်ပုပါလိမ့်မယ်။

မညီညာတဲ့သွား

ဖခင်က သွားကျန်းမာရေး ညံ့ဖျင်းတဲ့ အခြေအနေမျိုးမှာ မိခင်က သွားကျန်းမာရေးကောင်းရင်တောင် ကလေးက မကြာခဏ သွားဆေးခန်းသွားပြဖို့ ပိုများပါတယ်။ သွားပေါက်တာကစပြီး သွားပိုးစားတဲ့အထိ အရာအားလုံး၊ ကြားက သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတွေအားလုံးက ဖခင်ဆီက မျိုးရိုးဗီဇဆက်ခံတာကြောင့်ဖြစ်နိုင်ပါတယ်။

လိင်အမျိုးအစား

အဖေတွေက သူတို့ရဲ့မွေးကင်းစကလေးတွေရဲ့လိင်အမျိုးအစားအတွက် ၁၀၀ ရာခိုင်နှုန်းတာဝန်ရှိပါတယ်။ လိင်ခရိုမိုဆုန်းလို့ သိကြတဲ့ X နဲ့ Y ခရိုမိုဆုန်းတွေက ကလေးရဲ့လိင်အမျိုးအစားကို သတ်မှတ်ပါတယ်။ မိန်းကလေးတွေက သူတို့ရဲ့ဖခင်ဆီက X ခရိုမိုဆုန်းကို ဆက်ခံပြီး XX မျိုးရိုးဗီဇဖြစ်ပြီး ယောက်ျားလေးတွေက သူတို့ရဲ့ဖခင်ဆီက Y ခရိုမိုဆုန်းကို ဆက်ခံပြီး XY မျိုးရိုးဗီဇဖြစ်ပါတယ်။ မိခင်တွေက X ခရိုမိုဆုန်းတွေကိုသာ ဖြတ်တဲ့အတွက် ဖခင်တွေက လိင်အမျိုးအစားအားလုံးကို ထိန်းချုပ်ပါတယ်။

ပါးချိုင့်

ယဉ်ကျေးမှုများစွာမှာ ပါးချိုင့်တွေကို အလှတရားရဲ့ ဆွဲဆောင်မှုအမှတ်အသားတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ပါးချိုင့်တွေဟာ မျက်နှာကြွက်သားတွေ တိုတောင်းတာကြောင့် ဖြစ်ပေါ်လာတဲ့ ချို့ယွင်းချက်တစ်ခုလို ဖော်ပြပါတယ်။ ပါးချိုင့်တွေကို ဖခင်ထံမှ အမွေဆက်ခံလေ့ရှိတဲ့ မျိုးရိုးဗီဇ လက္ခဏာတစ်ခုအဖြစ် ယူဆကြပါတယ်။

လက်ဗွေရာ

လက်ဗွေရာ ၂ ခုလုံးက အတိအကျတူညီတာမျိုးမရှိပါဘူး။ ဒါပေမဲ့ ကလေးရဲ့ လက်ဗွေရာတွေက သူတို့ရဲ့ဖခင်ရဲ့ လက်ဗွေရာနဲ့ တူနိုင်ပါတယ်။ လက်ဗွေရာပုံစံကလည်း သူတို့ရဲ့ဖခင်ဆီက အမွေဆက်ခံတဲ့ မျိုးရိုးဗီဇလက္ခဏာဖြစ်ပါတယ်။

နှာချေခြင်း

နေရောင် (သို့) အလင်းရောင်စူစူတွေကို စိုက်ကြည့်တဲ့အခါ အထိန်းအကွပ်မရှိ နှာချေတဲ့လူမျိုး၊ တစ်ခြားသူတွေနဲ့မတူဘဲ တစ်ခုခုကြောင့် နှာချေတဲ့လူမျိုးကို မြင်ဖူးရင်မြင်ဖူးကြမှာပါ။ အဲဒီလိုနှာချေတာက ဖခင်မှာ တာဝန်ရှိတဲ့ နောက်ထပ်မျိုးရိုးဗီဇလက္ခဏာတစ်ခုပါ။ ဒီအခြေအနေကို Achoo Syndrome လို့ခေါပြီး ဖခင်ဆီက မျိုးရိုးလိုက်တာများပါတယ်။

Ref: Brightside “6 Traits That You Can Only Inherit From Your Father”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top