ဝီလ်စမစ် နဲ့ မိုက်ကယ် ဘီ ဂျော်ဒန်တို့အတူပါဝင်သရုပ်ဆောင်မယ့် I Am Legend နောက်ဆက်တွဲဇာတ်ကား

3-3-2022-yyl32.jpg

၂၀၀၇ခုနှစ်က ထွက်ရှိခဲ့တဲ့ “I Am Legend” ဇာတ်ကားရဲ့နောက်ဆက်တွဲကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။ နောက်ဆက်တွဲဇာတ်ကားမှာ မင်းသားကြီး ဝီလ်စမစ်က Black Panther ဇာတ်ကားထဲက မင်းသား မိုက်ကယ် ဘီ ဂျော်ဒန် (Michael B. Jordan)နဲ့အတူ ပရိုဂျူဆာအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။

ဒါဟာ နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်လုံး ပရောဂျက်တစ်ခုမှာ အတူပါဝင်ဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အော်စကာဆုရ ဇာတ်ညွှန်းရေးဆရာ အာကီဗာ ဂိုးဒ်မန်း (Akiva Goldsman) ကလည်း နောက်ဆက်တွဲဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသားထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ ဒီဇာတ်ကားအသစ်အတွက် ဒါရိုက်တာကိုတော့ မသိရသေးပါဘူး။ ၂၀၀၇ခုနှစ်ရဲ့ I Am Legend ဇာတ်ကားကိုတော့ ဖရန်စစ် လော့ရန် (Francis Lawrence) က ရိုက်ကူးခဲ့တာပါ။

သတင်းနဲ့ပတ်သက်ပြီး အံ့အားသင့်စေတဲ့အရာမှာ ပထမဇာတ်ကားထဲက ဝီလ်စမစ်ရဲ့ ဇာတ်ကောင် ဗိုင်းရပ်စ်ဗေဒပညာရှင် ရောဘတ် နာဗီလီ (Robert Neville) က ဇာတ်ကားအဆုံးသတ်မှာ သေဆုံးခဲ့တဲ့အတွက် ဒီဇာတ်ကောင်က နောက်ဆက်တွဲဇာတ်ကားမှာ ဘယ်လိုပြန်ပါလာမလဲဆိုတာပါပဲ။ ဇာတ်ကားအသေးစိတ်ကိုတော့ ပြောပြထားခြင်းမရှိပါဘူး။ ၂၀၀၇ခုနှစ်ရဲ့ I Am Legend ဇာတ်ကားကတော့ အမေရိကန်မှာ ဝင်ငွေ ဒေါ်လာ ၂၅၆.၄ သန်း နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဝင်ငွေ ဒေါ်လာ ၅၈၅.၄ သန်း ရရှိခဲ့ပါတယ်။

Ref: AsiaOne “Will Smith and Michael B. Jordan team up to star in I Am Legend sequel”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top