ယူကရိန်းကယ်ဆယ်ရေးအတွက် Fashion Week 2022 ကရရှိတဲ့ ဝင်ငွေတွေကို လှူဒါန်းသွားမယ့် ဂျီဂျီ ဟာဒစ်

3-3-2022-yyl42.jpg

စူပါမော်ဒယ် ဂျီဂျီ ဟာဒစ် (Gigi Hadid) က ယူကရိန်းကယ်ဆယ်ရေးအတွက် Fashion Week 2022 ကနေရရှိတဲ့ ဝင်ငွေတွေအားလုံးကို လှူဒါန်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။ “ဖက်ရှင်လအတွက် သတ်မှတ်ထားတဲ့ အချိန်ဇယားတစ်ခုရှိတာက သမိုင်းတစ်လျှောက် ကြေကွဲဝမ်းနည်းဖွယ်ရာ ကာလတွေမှာ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မ ဖက်ရှင်စုဆောင်းမှုအသစ်တွေကို မကြာခဏ တင်ဆက်ပေးတယ်လို့ အဓိပ္ပာယ်ရပါတယ်” လို့ ဖက်ရှင်ရှိုးပွဲတွေက ပုံတွေနဲ့အတူ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

များပြားလှတဲ့အလုပ်အချိန်ဇယားကို သူ မထိန်းချုပ်နိုင်ပေမဲ့ လိုအပ်နေသူတွေကို ကူညီဖို့စိတ်အားထက်သန်နေတယ်လို့ ဂျီဂျီဟာဒစ်က သူ့ရဲ့ Follower ၇၂ သန်းကို ပြောပြခဲ့ပါတယ်။ အခုလိုသူ့ရဲ့ဆုံးဖြတ်ချက်ချဖို့ လှုံ့ဆော်ပေးတဲ့ မော်ဒယ် မီကာ အာဂါနာရက်ဇ် (Mica Argañaraz) ကို ချီးကျူးခဲ့ပါတယ်။”ကျွန်မတို့က အလုပ်အချိန်ဇယားအများစုကို ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ ဒါပေမဲ့ အဲဒါနဲ့ တစ်ခုခုအတွက် လုပ်ပေးချင်တယ်။ ကျွန်မရဲ့သူငယ်ချင်းရဲ့ခြေရာအတိုင်းလိုက်ပြီး ယူကရိန်းမှာ စစ်ပွဲဒဏ်ခံစားနေရတဲ့သူတွေကို ကူညီထောက်ပံ့ဖို့အတွက် Fall 2022 ရှိုးတွေကရရှိတဲ့ ဝင်ငွေတွေကို လှူဒါန်းမယ်လို့ ကတိပြုပါတယ်”လို့ ဂျီဂျီဟာဒစ်က ဆိုပါတယ်။

အခုလမှာ နယူးယောက်က Michael Kors ကစပြီး ပဲရစ်က Vivienne Westwood အထိ ဂျီဂျီဟာဒစ်က ရှိုးပွဲအများအပြားကို လျှောက်ခဲ့တာပါ။ Fashion Week တွေကို နယူးယောက်၊ လန်ဒန်၊ မီလန်၊ ပဲရစ်တို့မှာ ကျင်းပခဲ့ပါတယ်။ ပါလက်စတိုင်းတွေကို ဆက်လက်ထောက်ပံ့ဖို့အတွက် သူ့ရဲ့ ဝင်ငွေတွေကို ဆက်လက်အသုံးပြုသွားမှာဖြစ်တယ်လို့ ဂျီဂျီက ပြောခဲ့ပြီး “လူသားတွေရဲ့ မတရားမှုတွေအားလုံးအတွက် ကျွန်မတို့ရဲ့ မျက်လုံးနဲ့ နှလုံးသားတွေကို ဖွင့်ထားရပါမယ်။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးထက် ညီအစ်ကို မောင်နှမတွေအဖြစ် အချင်းချင်း မြင်နိုင်ပါစေ။ တစ်နေ့တာရဲ့အဆုံးသတ်မှာ အပြစ်မဲ့ဘဝတွေ ပေးဆပ်နေရတယ်” လို့ ပို့စ်မှာ အဆုံးသတ်ရေးသားခဲ့ပါတယ်။

ယူကရိန်းနွယ်ဖွား မင်းသမီး မီလာ ကွန်နစ် (Mila Kunis) နဲ့ ခင်ပွန်းဖြစ်သူ အက်စတန် ကူချာ (Ashton Kutcher) တို့က သူ့ရဲ့ဇာတိနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ လှူဒါန်းမှုတွေမှာ ဒေါ်လာ ၃ သန်းအထိ လှူဒါန်းမယ်လို့ ကတိပြုပြီးတဲ့နောက် ဂျီဂျီဟာဒစ်ရဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့တာပါ။ ဘလိတ်ခ်လိုက်ဗလီ (Blake Lively) နဲ့ ရိုင်ယန် ရေးနိုးလ် (Ryan Reynolds) တို့စုံတွဲကလည်း ယူကရိန်းဒုက္ခသည်တွေကို ကူညီဖို့ ရန်ပုံငွေရှာပေးနေပါတယ်။

Ref: CNN “Supermodel Gigi Hadid to donate fashion week earnings to Ukraine relief”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top