ရာဇဝတ်မှုကျဆင်းလာလို့ ထောင်တွေကိုပါ ပိတ်ပစ်နေရတဲ့ နယ်သာလန်

Dutch-prisone.jpg

သိပ်မကြာခင်  နှစ်တွေအတွင်းမှာ နယ်သာလန်နိုင်ငံက ထောင်အရေအတွက် ၁၉ ခုကို ပိတ်သိမ်းသွားမယ်ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့ လပိုင်းတွေထဲက စတင်အတည်ပြုခဲ့ပါတယ်။

အကြောင်းအရင်းကတော့ ရာဇဝတ်မှုနှုန်းတွေက လျော့ကျလွန်းနေပြီး ထောင်တွေကို ပြုပြင် ထိန်းသိမ်းထားရတဲ့ စရိတ်မှာ မလိုအပ်တဲ့ အကုန်အကျတွေများနေလို့ပါတဲ့။ တခြား အကြောင်းအရင်းတစ်ရပ်အနေနဲ့ကတော့ တရားသူကြီးတွေဟာ တရားခံတွေကို ထောင်ဒဏ်နှစ်တွေကို လျှော့ချပေးလာတာလည်းပါပေမယ့် မှုခင်းနှုန်းကတော့ သိသိသာသာကြီးကို ကျဆင်းလာတာပဲ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်က ၂၀၁၁ ခုနှစ်အတွင်း နယ်သာလန်နိုင်ငံတွင်း မှုခင်းဖြစ်ပွားမှုနှုန်းဟာ တစ်နှစ်ကို တစ်ရာခိုင်နှုန်းဆီလောက် လျော့ကျလာခံ့ပြီး ၂၀၁၁ က ၂၀၁၂ ခုနှစ်အတွင်းမှာ ၆ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ သိရပါတယ်။

စစ်တမ်းကောက်ယူချက်တွေအရ ဒီလို ထောင်တွေ ပိတ်သိမ်းလိုက်တဲ့အခါ ထောင်ဝန်ထမ်းဦးရေ ၁,၉၀၀ လောက် အလုပ်ပြုတ်သွားနိုင်ချေ ရှိတယ်လို့ တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ နိုင်ငံအတွင်း မှုခင်းနှုန်းတွေ ကျဆင်းလာတယ်ဆိုတဲ့ အဖြစ်က နိုင်ငံသားတွေ စိတ်လုံခြုံမှု ရှိနေရတယ်ဆိုတာကို ဖော်ပြနေတဲ့ အတွက် မင်္ဂလာသတင်းတစ်ခုပဲ ဖြစ်ပါတယ်။

Ref: Ultimate Fmonline : Netherlands closes Down 19 prisons due to lack of prisoners

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top