အပြင်လောကမှာ တကယ်ရှိတဲ့စွမ်းအားရှင်များ (၂)

collage_superhero.jpg

Marvel နဲ့ DC ဇာတ်ကားတွေ ထွက်ရှိလာတာနဲ့ ရုပ်ရှင်ချစ်သူတွေက မလွှတ်တမ်းအားပေးကြပါတယ်။ အဲဒီဇာတ်ကားမှာ ပါဝင်တဲ့ စူပါဟီးရိုးတွေရဲ့ စွမ်းအားတွေနဲ့ အရည်အသွေးတွေကို ကြည့်နေရင်းနဲ့ကို အံ့သြမင့်သက်ကြရပါတယ်။ ကိုယ်တွေများ အဲလိုစွမ်းအားမျိုးပိုင်ဆိုင်ရရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိကြမှာပါ။ Marvel နဲ့ DC ဇာတ်ကားတွေထဲကလို လက်တွေ့ဘဝမှာတင် တွေ့ရတဲ့ စူပါဟီးရိုး၊ စွမ်းအားရှင်တွေရှိပါတယ်။ သူတို့က ထူးခြားတဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတဲ့ လူသားတွေပါပဲ။ လက်တွေ့ဘဝမှာ ဘယ်သူတွေက ဘယ်လိုစွမ်းအားတွေ ပိုင်ဆိုင်ထားလည်းဆိုတာ ကြည့်လိုက်ရအောင်..။

ရာသာခရစ်နမ် ဗီလူး (Rathakrishnan Velu) — အသန်မာဆုံးသွားပိုင်ရှင်

ဒီအိန္ဒိယလူမျိုး ရာသာခရစ်နမ် ဗီလူး (Rathakrishnan Velu) ကလည်း ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့သူဖြစ်ပါတယ်။ သူဟာ (၄.၂) မီတာအကွာအဝေးကနေ ပေါင် (၅၇၄၉၆၄) ရှိတဲ့ရထားတစ်စီးကို သူ့ရဲ့သွားနဲ့ ဆွဲပြခဲ့တာဖြစ်ပါတယ်။

ဝီမ် ဟော့ဖ် (Wim Hof) – ရေခဲလူသား

အရမ်းအေးမြပါတယ်ဆိုတဲ့ ဆောင်းရာသီက ဒီလူအတွက်တော့ ဘာမှမဟုတ်ပါဘူး။ သူဟာ အအေးဒဏ်ကော အပူဒဏ်ကောပါ မခံစားရပါဘူး။ သူက Wim Hof Methodရဲ့စာရေးဆရာဖြစ်ပြီး အခုတော့ အဖွဲ့လိုက်တောင်တတ်တာတွေ လုပ်ဖြစ်နေပါတယ်။

ဘန်း အန်ဒါဝုဒ် (Ben Underwood) – လင်နို့လူသား

ကျွန်တော်တို့တွင် DC ဇာတ်ကားထဲမှာ မြင်ဖူးတဲ့ လင်းနို့လူသားဟာ အပြင်လောကမှာလည်း ရှိပါတယ်။ Benဟာ ငယ်ငယ်တုန်းက အမြင်အာရုံ ပျောက်ဆုံးခဲ့ပါတယ်။ အဲဒီနောက် သူအသံတွေကို အာရုံစိုက် နားထောင်လာတာကို သူ့မိခင်က သတိထားမိခဲ့ပါတယ်။ သူဟာ ဘယ်တော့မှ အမြင်အာရုံ မကွယ်ဘူးလို့ ထင်ရလောက်အောင် ဗီဒီယိုဂိမ်း ကစားတာ၊ စက်ဘီးစီးတာ၊ စကိတ်စီးတာ၊ သစ်ပင်တက်တာ၊ သူ အမြဲတမ်း လုပ်နိုင်တဲ့ အရာမှန်သမျှကို ပြုလုပ်ခဲ့ပါတယ်။ အမှောင်ထဲမှာ သွားလာနိုင်ဖို့အတွက် ပဲ့တင်သံကို အသုံးပြုခဲ့ပါတယ်။

မီချယ် လိုတီတို (Michel Lotito) – သတ္တုမှန်သမျှကို စားပြနိုင်သူ

ဒီ ပြင်သစ် ဖျော်ဖြေရေးသမား မီချယ် လိုတီတို (Michel Lotito) က ရာဘာ၊ သတ္တု၊ ဖန်စတဲ့ အရာဝတ္ထုတွေအပါအဝင် ဘယ်အရာမဆို စားနိုင်ပါတယ်။ သူဟာ လေယာဉ်ပျံတစ်စင်းကို စားပြနိုင်ခဲ့တဲ့အတွက် နာမည်ကြီးခဲ့ပါတယ်။

ကယ်ဗင် ရစ်ချက်ဆန် (Kevin Richardson) – တောရိုင်းတိရစ္ဆာန်တွေကို ထိန်းကျောင်းနိုင်သူ (တကယ့်လက်တွေ့ဘဝက တာဇံ)

ဒီ တောင်အာဖရိကန်လူမျိုး တိရစ္ဆာန်ထိန်းကျောင်းသူဟာ အာဖရိက တိရစ္တာန်တော်တော်များများကို ထိန်းခဲ့ရပါတယ်။ တောရိုင်း တိရစ္ဆာန်တွေကို ကြောက်ရွံ့မှုမရှိဘဲ ချဉ်းကပ်နိုင်ပြီး တိရစ္ဆာန်တွေနဲ့ ရင်းနှီးတဲ့အတွက် လူသိများလာပါတယ်။ အဲဒီလူကို တောရိုင်းတိရစ္ဆာန်တွေက ခင်တွယ်နေတာကို ပုံမှာ မြင်တွေ့ရမှာပါ။

Ref: Brightside “10 People With Superpowers We Can Only Dream Of”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top