နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေမယ့် အိပ်ခန်းအရောင်များ

sleeping.jpg

သုတေသီတွေက ကျွန်တော်တို့ရဲ့စိတ်ခံစားချက်နဲ့ အရောင်တွေက ဆက်နွယ်မှုရှိကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ဝတ်လိုက်တဲ့၊ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ အကြိုက်ဆုံးအရောင်တွေက ပင်ကိုယ်စရိုက်ကို ပြောပြပါတယ်။ အရောင်တွေက ပင်ကိုယ်စရိုက်ကို ပြောပြနေရုံသာမက ကျွန်တော်တို့ရဲ့အိပ်စက်ခြင်းအတွက်လည်း မူတည်နေပါတယ်။ အရောင်နုနုလေးတွေရှိတဲ့အိပ်ခန်းက ကျွန်တော်တို့ကို ကောင်းစွာအိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ ဒါကြောင့် ညညဆို အိပ်မပျော်ဖြစ်နေတဲ့သူတွေရအတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေမယ့် အရောင် (၆) မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

အပြာနု

ဒီအရောင်ကို မျက်စိအေးစေတဲ့အရောင်အဖြစ် သတ်မှတ်ကြပါတယ်။ သင့်အိမ်ခန်းကို အမြင်အေးစေပြီး အိပ်ချင်စဖွယ်ဖြစ်အောင်ကူညီပေးတဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

အစိမ်းရောင်

သင့်အိပ်ခန်းကို အစိမ်းရောင်သုတ်ကြည့်ပါ။ အစိမ်းရောင်ရှိတဲ့ အိပ်ခန်းမှာ အိပ်တဲ့သူတွေက စိတ်ကြည်လင်လန်းဆန်းစွာနဲ့ အိပ်ရာနိုးတတ်ကြတယ်လို့ သုတေသိတွေက ဆိုပါတယ်။ အစိမ်းရောင်က တည်ငြိမ်ခြင်း၊ သဘာဝတရား၊ တတ်ကြွခြင်း၊ လန်းဆန်းခြင်းလို့ အဓိပ္ပာယ်ရစေပါတယ်။

လိမ္မော်ရောင်

လိမ္မော်ရောင်က နွေးထွေးမှုကို ရည်ညွှန်းတဲ့အတွက် သင့်အိပ်ခန်းကို လိမ္မော်ရောင်နဲ့ အလှဆင်ကြမယ်ဆိုရင် သင့်ကို သက်တောင့်သက်သာရှိစေပြီး နွေးထွေးသလို ခံစားရစေမှာပါ။

အညိုရောင်ဖျော့ဖျော့

အညိုရောင်ဖျော့ဖျော့နဲ့ အလှဆင်ထားတဲ့အိပ်ခန်းမှာ အိပ်ကြတဲ့သူတွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တတ်ကြပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အတွက် မနက်အိပ်ရာထတဲ့အခါမှာလည်း ပေါ့ပါးလန်းဆန်းနေစေမှာပါ။

အပြာရောင်

သင့်ကို သက်တောင့်သက်သာနဲ့ ကောင်းစွာ အိပ်စက်စေတဲ့နောက်ထပ်အရောင်ကတော့ အပြာရောင်ပါ။ စစ်တမ်းတွေအရ အပြာရောင်ဆေးသုတ်ထားတဲ့ အခန်းမှာ အိပ်တဲ့သူတွေက အချိန်အကြာကြီး အိပ်စက်တတ်ကြပြီး အိပ်စက်ချိန်က ပျှမ်းမျှအနေနဲ့ (၇) နာရီ နဲ့(၅၂) မိနစ်ဖြစ်ပါတယ်။

အဝါရောင်

အဝါရောင်ကလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့ အရောင်တွေထဲမှာ ပါဝင်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ကို တတ်ကြွလန်းဆန်းစေပြီး အနားယူချင်စိတ်ဖြစ်စေနိုင်တဲ့အရောင်လည်းဖြစ်ပါတယ်။

Ref: These 6 paint colours will help you sleep like a log!
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top