ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ

yyl-050-1.jpg

တချို့လျှပ်စစ်ပစ္စည်းတွေက အိမ်မှုကိစ္စတွေ ဆောင်ရွက်တဲ့အခါမျိုးမှာ အရမ်းအသုံးဝင်ပါတယ်။ အဲဒီပစ္စည်းတွေက ကျွန်တော်တို့လူသားတွေအတွက် တော်တော်လေးအလုပ်လုပ်ပေးကြရပါတယ်။ ဒါကြောင့် အဝတ်လျှော်စက်၊ ပန်းကန်ဆေးစက်၊ ရေခဲသေတ္တာ၊ လျှပ်စစ်မီးဖိုတွေကို သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ သူတို့ကိုယ်တိုင် သန့်ရှင်းအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့တွေ ရေရှည်အသုံးပြုလို့ရအောင် သန့်စင်ပေးဖို့လိုအပ်ပါတယ်။ အချိန်တိုင်း ဒီလျှပ်စစ်ပစ္စည်းတွေကို သန့်ရှင်းအောင်မထားဘူးဆိုရင် ပျက်စီးသွားနိုင်ပါတယ်။ ဒီစက်ပစ္စည်းတွေကို အချိန်အကြာကြီးအသုံးပြုနိုင်ဖို့အတွက် ဘယ်လိုသန့်စင်ပေးရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။ အရင်ဆုံး လျှပ်စစ်ပစ္စည်းတစ်ခုချင်းစီရဲ့ လက်စွဲစာအုပ်ကို ကြည့်ရပါမယ်။ ဘယ်နားထားမိမှန်းမသိရင် အွန်လိုင်းပေါ်ကနေ ရှာယူလို့ရနိုင်ပါတယ်။ ပန်းကန်ဆေးစက်က သန့်စင်ပေးဖို့လိုအပ်တဲ့ filter ပါမပါ လက်စွဲစာအုပ်ရှာကြည့်လို့ရပါတယ်။

အဝတ်လျှော်စက်

အဝတ်လျှော်စက်တော်တော်များများမှာ သန့်စင်ပေးရတဲ့ ယန္တရားလည်ပတ်မှုစက်ဝန်းတွေ (ဂတ်စကက်) ရှိပါတယ်။ အဲဒီစက်ဝန်းမှာ ဗင်နီဂါ (သို့မဟုတ်) အဝတ်လျှောက်စက်သန့်ရှင်းတဲ့ ဆေးရည်တို့ကို အသုံးပြုပြီး သန့်စင်ပေးလို့ရပါတယ်။ အရောင်ချွတ်တဲ့ဆေးရည်ကို အသုံးမပြုဖို့တော့ အရေးကြီးပါတယ်။ သင့်ရဲ့အဝတ်အစားတွေကို အစွန်းအထင်းဖြစ်စေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ပန်းကန်ဆေးစက်

အိုးခွက်ပန်းကန်ပြား၊ ဇွန်းတွေကို နေ့တိုင်းသန့်စင်ပေးရတဲ့ ပန်းကန်ဆေးစက်တွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။ အဲဒီစက်က အပြင်ကကြည့်ရင် သန့်ရှင်းနေတဲ့ပုံပေါ်ပေမဲ့ အတွင်းထဲမှာ ညစ်ပတ်နေတတ်ပါတယ်။ ပန်းကန်ဆေးစက်ကို သန့်စင်ပေးဖို့ စဉ်းစားမိကြမှာမဟုတ်ပါဘူး။ စတီးနဲ့ပြုလုပ်ထားတဲ့ မော်ဒယ်အမျိုးအစားဆိုရင် ဆပ်ပြာနဲ့ သုတ်ပေးလိုက်တာနဲ့ တောက်ပြောင်သွားပါလိမ့်မယ်။ တချို့မော်ဒယ်အသစ်တွေက ဖြုတ်ပြီးသန့်စင်လို့ရတဲ့ filter တွေပါဝင်ပါတယ်။ အဲဒီfilter မှာ အစားအစာအပိုင်းအစတွေကပ်ညှိနေတတ်တဲ့အတွက် filter ကိုဖြုတ်ပြီး ရေနဲ့ဆေးကြောတာ (ဒါမှမဟုတ်) သွားတိုက်တံနဲ့ ဖြည်းဖြည်းသာသာ ပွတ်တိုက်ပေးလို့ရပါတယ်။ ပန်းကန်ဆေးစက်အတွင်းထဲမှာ ရေဂျိုတွေရှိနေရင် ဗင်နီဂါ (၂) ခွက်ကို ထည့်လိုက်ပြီး စက်ကို ဖွင့်ထားလိုက်ရမှာဖြစ်ပါတယ်။ စက်လှည့်နေတဲ့အချိန်မှာ ရေနဲ့ချက်ချင်း ဆေးမချဖို့တော့လိုပါတယ်။

ရေခဲသေတ္တာ

ရေခဲသေတ္တာကို လူတော်တော်များများက မသန့်စင်ဖြစ်ကြတာများပါတယ်။ ရေခဲသေတ္တာစင်တွေကို ဆပ်ပြာထည့်ထားတဲ့ရေနွေးနွေးလေးနဲ့ သုတ်ချတာကလည်း ပုံမှန်သန့်ရှင်းရေးလုပ်တာပါပဲ။ အသားတွေထားတဲ့ စင်တွေကို တိုက်ချွတ်ဆေးကြောဖို့ အရေးကြီးပါတယ်။ ပြီးရင် ရေခဲသေတ္တာထဲက အမှိုက်တွေ၊ ဖုန်မှုန့်တွေ၊ ရေခဲသေတ္တာရဲ့ နေရာတော်တော်များများကိုလည်း သန့်ရှင်းပေးသင့်ပါတယ်။

မုန့်ဖုတ်ဖို

မုန့်ဖုတ်ဖိုက သူ့ဘာသာ သန့်စင်ပေးလို့ရတဲ့ အဝိုင်းပါတယ်ဆိုရင် နေသာတဲ့နေ့မှာ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို ဖွင့်ထားပြီး မုန့်ဖုတ်ဖိုကို ခလုတ်ဖွင့်ထားလိုက်ပါ။ မီးကျွမ်းနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် ဆပ်ပြာပါတဲ့ ရေထဲအဝတ်ကို စိမ်ပြီး သုတ်ပစ်လို့ရပါတယ်။ ဒါမှမဟုတ် အညစ်အကြေးတွေပေါ်ကို ဆား၊ မုန့်ဖုတ်ဆိုဒါတို့ကို တင်ပြီး ပွတ်ပစ်လို့ရပါတယ်။ ဂက်စ်ထွက်တဲ့ အပေါက်တွေကိုတော့ မသန့်စင်မိအောင် ရှောင်ရှားသင့်ပါတယ်။ ဘယ်လိုသန့်ရှင်းရလဲဆိုတာ သေချာသိရဖို့အတွက် စက်ပစ္စည်းရဲ့ လက်စွဲစာအုပ်မှာလည်း စစ်ဆေးကြည့်လို့ရပါတယ်။

Ref: How to clean your appliances so they last longer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top