Telsa ကို ယှဉ်ပြိုင်တော့မယ့် လျှပ်စစ်ပြိုင်ကားအသစ် FFZero1

ff1-a.jpg

FFZero1 လို့အမည်ရတဲ့ လျှပ်စစ်ပါဝါသုံး ပြိုင်ကားတစ်မျိုးကို Farady Future လို့အမည်ရတဲ့ ကုမ္ဗဏီမှ မိတ်ဆက်ပြသခဲ့ပါတယ်။ ယင်း လျှပ်စစ်ပြိုင်ကားရဲ့ ဘက်ထရီပါဝါဟာ ဘယ်လောက်တောင် ပြင်းသလဲဆိုရင် မြင်းကောင်ရေအား တစ်ထောင်ထုတ်လုပ်နိုင်ပါတယ်။

ဒါကြောင့်မို့ တစ်နာရီ မိုင် ၂၀၀ နှုန်းအထိ ကားကို အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်။ ယင်း speed ဟာ ပြိုင်ကားတန်း ဝင်တဲ့ Speed ဖြစ်ပြီး လျှပ်စစ်ကားမှာ ဆိုရင် အမြင့်ဆုံး ဖြစ်ပါလိမ့်မယ်။ Telsa အနေနဲ့ Model အမျိုးမျိုး ထုတ်လုပ်ရာ ယင်း Speed ကို ယှဉ်နိုင်တဲ့ ပြိုင်ကားမထွက်သေးပါဘူး။ ဒါကြောင့်မို့ သူ့ကို Telsa Killer လို့တောင် အမည်ပြောင် ပေးထားပါတယ်။ တံခါးနှစ်ပေါက် ပြိုင်ကားဟာ Covertte နဲ့ လင်းနို့လူသားစီးတဲ့ batmobile တို့ကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးဖြင့် ရှိနေပါတယ်။ ကားရဲ့ ဒီဇိုင်းပိုင်းဟာလည်း ပြောစရာမရှိလောက်အောင် ခေတ်ရှေ့ပြေးလွန်းပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ အခြေတည်ထားတဲ့ Farady Future လို့အမည်ရတဲ့ ကုမ္ဗဏီမှ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ယင်း ကုမ္ဗဏီဟာ သက်တမ်းအားဖြင့် ၁နှစ်ခွဲတိတိသာ ရှိပါသေးတယ်။

ဝန်ထမ်းအင်အားအနေနဲ့ ၅၅၀ ဦးရှိပြီး အကြီးပိုင်းတာဝန်ယူသူများက အပြောင်းအရွှေ့လုပ်တာကြောင့် ပြိုင်ဘက်ကုမ္ဗဏီတွေဆီကနေ အရာရှိများကို ငွေများများပေးခေါ်နေပါတယ်။ Farady Future ဟာ တရုတ်ပြည်အခြေစိုက် ရင်းနှီးမြှုပ်နှံသူများက ထောက်ပံ့ပြုထားတဲ့ ကုမ္ဗဏီဖြစ်ပါတယ်။ ဒါကြောင့်မို့ ငွေကြေးအင်အားလည်း တောင့်တင်းတာကြောင့် လျှပ်စစ်ကား ကုမ္ဗဏီဖြစ်တဲ့ Telsa ကို အနိုင်ပိုင်းနိုင်လေမလားလို့ မေးခွန်းထုတ်လျက်ရှိကြပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top