အကြည့်ချင်းဆုံပြီးစကားပြောပေးခြင်းက ပေါင်းသင်းဆက်ဆံရေးမှာ အသက်တမျှအရေးပါ

eye.jpg

အကြည့်ချင်းဆုံပြီး စကားပြောတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ စကားမပြောတတ်သေးတဲ့ ဘေဘီလေးတွေရဲ့ မျက်လုံးကိုကြည့်ပြီး သူတို့ဘာပြောချင်လဲဆိုတာကို မိဘတွေကသိကြပါတယ်။ ချစ်သူတွေကလည်း မျက်ဝန်းကိုဖတ်ပြီး နားလည်မှုတွေဖလှယ်ကြပါတယ်။ သူသယ်ချင်းတွေထဲမှာလည်း ဟာသပြောတော့မယ်ဆို ပြောတောင်မပြောရသေးဘဲ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရုံနဲ့တင် ပြောချင်တဲ့ဟာသဆီမရောက်တော့ဘဲ ရယ်နေရရိုးရိုးနဲ့ပြီးနေပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဂျပန်သိပ္ပံပညာရှင်တွေက တစ်ယောက်နဲ့ တစ်ယောက်အကြည့်ချင်းဆုံတဲ့အခါမှာ ကျွန်တော်တို့ဦးနှောက်ထဲမှာ ဘယ်လိုတွေဖြစ်ပျက်နေလဲဆိုတဲ့ အဖြေကိုသိရှိနိုင်ဖို့ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ ဒီစမ်းသပ်ချက်ကနေပြီး ကျွန်တော်တို့ရဲ့စိတ်စွမ်းအင်နဲ့ ပတ်သတ်ပြီးတော့ပါ သိရှိခဲ့ရပါတယ်။

တစ်စုံတစ်ယောက် စကားပြောနေတဲ့အချိန်မှာ ၎င်းနဲ့မျက်ဝန်းချင်းဆုံပြီး နားထောင်ပေးမယ်ဆို သူ့အပေါ်အာရုံစိုက်မှု၊ ဂရုစိုက်မှုပေးရာရောက်ပြီး နှစ်ဦးသားစိတ်ခံစားချက်တွေကိုလည်း မျှဝေနိုင်ကြတယ်လို့ ဆိုပါတယ်။ ဒီနေရာမျက်လုံးသေကြီးနဲ့မဟုတ်ဘဲ တစ်ဖက်လူပြောတဲ့စကားအလိုက် စည်းချက်ညီအောင် လှုပ်ရှားတတ်ဖို့လိုပါသေးတယ်။

eNeuro ကထုတ်ပြန်ပေးခဲ့တဲ့ လေ့လာတွေ့ရှိချက်အသစ်မှာတော့ တစ်စုံတစ်ယောက်နဲ့ မျက်ဝန်းချင်းဆုံပြီးစကားပြောနေတဲ့အချိန်မှာဆို ကျွန်တော်တို့ရဲ့ဦးနှောက်က တစ်ဖက်သူရဲ့ဦးနှောက်နဲ့တောင် ဆက်စပ်နေသေးတယ်လို့ ဆိုပါတယ်။ သဘောကတော့ ပြောနေတဲ့သူရဲ့ တွေးနေတဲ့အတွေးတွေ၊ အကြောင်းအရာတွေနဲ့ စိတ်ခံစားချက်တွေနဲ့ပါ တစ်သားတည်းဖြစ်နေတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့နေ့စဉ် ခန့်မှန်းရခက်နေကြတဲ့ အချစ်တွေကိစ္စတွေမှာပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကဘာပြောမှန်းမသိတာ၊ သူဘာကိုစိတ်ကောက်သွားမှန်းမသိတာနဲ့ ဘာဖြစ်ချင်နေမှန်းမသိတဲ့အခါမျိုးမှာ သူ့မျက်လုံးတွေကိုသာ တည့်တည့်ကြည့်ပြီး အဖြေရှာလိုက်ပါ။ လုပ်ငန်းခွင်မှာလည်း တစ်ဖက်စီးပွားပြိုင်ဖက်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမျိုးမှာ ဒီနည်းလမ်းကအထောက်အကူဖြစ်ပါတယ်။ နောက်ခါ တစ်စုံတစ်ယောက်နဲ့ စကားပြောရင် အကြည့်ချင်းဆုံဖို့ မကြောက်ပါနဲ့တော့လို့ စာရေးသူကသတိပေးလိုက်ချင်ပါတယ်။

Ref : Psychology Today “How Eye Contact Prepares the Brain to Connect”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top