အိပ်နေတုန်း နှလုံးဖောက်ခဲ့တဲ့ သခင်ကို ကြောင်လေးက ရင်ဘတ်ပေါ် တက်ခုန်ပြီး အသက်ကယ်

22-8-2022-yyl21.jpg

အိပ်နေတုန်း နှလုံးဖောက်ခဲ့တဲ့ အမျိုးသမီးကို သူ မွေးထားတဲ့ကြောင်လေးက အသက်ကယ်ပေးခဲ့ပါတယ်။ ၄၂ နှစ်အရွယ်ရှိတဲ့ ဆမ်ဖဲစတက်က ဗြိတိန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားမြို့မှာ နေထိုင်သူပါ။ နံနက် ၄ နာရီခွဲအချိန်မှာ အိပ်ပျော်နေတုန်း နှလုံးဖောက်ခဲ့တဲ့ ဆမ်စတက်ကို ကြောင်လေးက ရင်ဘတ်ပေါ် တက်ခုန်ပေးခဲ့သလို အသံကျယ်ကျယ် အော်နေခဲ့ပါတယ်။

ဆမ်စတက် နိုးလာတော့ တစ်ကိုယ်လုံး ချွေးစေးတွေထွက်နေပြီး ခန္ဓာကိုယ်က လှုပ်လို့မရ ဖြစ်နေခဲ့တာပါ။ နောက်တော့ ဆမ်စတက်က ဖုန်းဆက်အကူအညီ တောင်းနိုင်ခဲ့လို့ နော်တင်ဟမ်မြို့ ဆေးရုံကို ရောက်ရှိခဲ့ပါတယ်။ ဆမ်စတက်က အိပ်ပျော်နေတုန်း နှလုံးဖောက်ခဲ့တာလို့ ဆရာဝန်တွေက အတည်ပြုခဲ့တာပါ။

ဆမ်စတက်ဟာ ဆေးရုံမှာ ၃ ရက်ကြာ တက်ရောက်ကုသခဲ့ပြီး ပိတ်ဆို့နေတဲ့ သွေးကြောကို ဖွင့်ထုတ်ခဲ့ရပါတယ်။ အခုတော့ သူက ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ပြီဖြစ်ပြီး အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်နေပါပြီ။

Ref: Hero Cat Saves Owner From Heart Attack

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top