မျက်ဝန်းပြာပိုင်ဆိုင်ရခြင်း အကြောင်းရင်း

Emma-Stone.jpg

မျက်ဝန်းပြာပိုင်ဆိုင်ရခြင်း အကြောင်းရင်း မကြာသေးမီကပြုလုပ်တဲ့လေ့လာမှုတစ်ခုရဲ့ ဖော်ပြချက်အရ မျက်ဝန်းပြာပြာ ပိုင်ဆိုင်သူတွေအားလုံးက အမျိုးတော်စပ်ကြပါတယ်တဲ့။ Compenhagenတက္ကသိုလ်ရဲ့ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀လောက်က မျက်ဝန်းပြာတဲ့လူတစ်ယောက်ရှိခဲ့ပါတယ်။

သူ့ရဲ့မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်သာ မျက်လုံးအပြာရောင်ဖြစ်သွားတာပါ။ အခုဆိုရင် ကမ္ဘာလူဦးရေရဲ့(၈) ရာခိုင်နှုန်းက သူ့ရဲ့မျိုးရိုးကိုလက်ဆင့်ကမ်းထားတယ်လို့တောင်ပြောလို့ရပါတယ်။  တကယ်တော့ လူတွေရဲ့ မျက်ဝန်းအရောင်က အညိုရောင်ပါ။ မျိုးရိုးဗီဇတွေပြောင်းလဲသွားလို့သာ မျက်လုံးအညိုရောင်က ကျွန်တော်တို့မှာ တဖြည်းဖြည်းကွယ်ပျောက်ပြီး အနက်ရောင် ၊ အပြာရောင်ဆိုပြီး ပြောင်းသွားကြတာပါ။  ခန္ဓာကိုယ်က OCA2 က ကျွန်တော်တို့ ဆံပင် ၊ မျက်လုံးနှင့် အရေပြားအရောင်တွေရစေဖို့melaninဓာတ်ထုတ်ပေးပါတယ်။ဒါကြောင့် တချို့လူတွေဆို မျက်ဝန်းက အညိုရောင်ပါပဲ။

melanin ဓာတ်ပုံမှန်ထက် နည်းတဲ့လူတွေမှာတော့ မျက်လုံးအရောင်က အပြာရောင်ပြောင်းသွားတာပါ။ ဒါဆိုမျက်လုံးအစိမ်းရောင်ရှိတဲ့လူတွေရောလို့မေးစရာရှိပါတယ်။ မျက်လုံးစိမ်းရတဲ့အကြောင်းရင်းကလည်း melaninဓာတ်နဲ့ပဲ ဆိုင်ပါတယ်။ melanin ဓာတ် မညီမျှဘဲအရမ်းနည်းတဲ့အတွက် မျက်ဝန်းပြာပြာ ပိုင်ဆိုင်နေကြတာပါ။ တကယ်တော့ မျက်ဝန်းပြာပြာပိုင်ရှင်က အာဖရိက နေထိုင်ပြီး ဥရောပကို ပြောင်းရွှေ့လာတဲ့အတွက် ဥရောပလူမျိုးအများစုမှာ မျိုးရိုးလိုက်ပြီး မျက်လုံးပြာပိုင်ဆိုင်ကြတာပါ။ ဒါက သန္ဓေပြောင်းလဲမှုကြောင့်ဖြစ်တယ်ဆိုပေမဲ့ လူ့ရဲ့ ခန္ဓာကိုယ်ကိုတော့ ထိခိုက်စေတာတို့၊အကျိုးကျေးဇူးများစေတာတို့တော့ မရှိပါဘူး။မျက်လုံးပြာပိုင်ဆိုင်လို့ အသက်ပိုရှည်မယ် ၊ အသက်တိုမယ်လို့လည်း မရှိပါဘူး။ မွေးကင်းစကလေးတွေရဲ့ မျက်လုံးအရောင်မှာ မျက်လုံးအရောင်အပြည့် မရှိသေးပါဘူး။ အပြာဖျော့ဖျော့ လေးပဲပိုင်ဆိုင်ကြတာပါ။ကြီးလာတဲ့ အခါမှာကျတော့အရောင်ပိုစုံလာပြီးမျက်လုံးအပြာရောင်က တောက်လာပါတယ်။ ကလေးတစ်ယောက်ရဲ့ မျက်လုံးအရောင်က မျိုးရိုးနဲ့ဆိုင်ပါတယ်။ မိဘတွေရဲ့မျက်လုံးအရောင်ပေါ်သာမူတည်နေပါတယ်။ မျက်လုံးပြာပိုင်ဆိုင်တဲ့ အနောက်နိုင်ငံက အနုပညာရှင်တွေကတော့.

. Emma Stone

 Iran Somerhalder

Harry Styles

Megan Fox

Henry Cavill

Taylor Swift

တို့ပဲဖြစ်ပါတယ်။

Ref: Millionairessaying: all-blue-eyed-people-share-a-common-ancestor May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top