ဘိုးရင်းလေယာဉ်တစ်စင်း ကောင်းကောင်းပျံသန်းနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးဂူကြီး

21.5.2023-yyl-1.jpg

လာအို – ဗီယက်နမ်နယ်စပ်အနီးမှာ ရှိတဲ့ ဟန်ဆန်ဒေါင်ဂူဟာ ကမ္ဘာ့အကြီးဆုံး သဘာဝလိုဏ်ဂူကြီးပါ။ နယူးယော့ခ်မြို့က မိုးမျှော်အဆောက်အအုံတွေကို ထည့်ထားနိုင်လောက်တဲ့ အရွယ်အစားရှိပြီး ဘိုးရင်း ၇၄၇ လေယာဉ်တစ်စင်း ကောင်းကောင်းပျံသန်းနိုင်လောက်ပါတယ်။

၁၉၉၁ ခုနှစ်မှာ သစ်မွေးရှာတဲ့ ဒေသခံတစ်ဦးက ဟန်ဆန်ဒေါင်ဂူဝင်ပေါက်ကို စတင်တွေ့ရှိခဲ့တာပါ။ ဂူအကျယ် ပေ ၄၉၀ လောက်ရှိပြီး အမြင့် ပေ ၆၆၀၊ အရှည် ၅.၆ မိုင် ရှိပါတယ်။ ဟန်ဆန်ဒေါင်ဂူ အောက်ဘက်မှာ စီးဆင်းနေတဲ့ မြေအောက်မြစ်ဟာ ဟန်သန်လို့ အမည်ရတဲ့ အခြားဂူတစ်ခုနဲ့ ဆက်စပ်နေတာပါ။

သဘာဝအလှတရားတွေနဲ့ ပြည့်စုံတဲ့ ဟန်ဆန်ဒေါင်ဂူဟာ ထုံးကျောက်ဂူဖြစ်ပြီး နှစ်သက်တမ်း ၂ သန်းကနေ ၅ သန်းကြား ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: Hang Sơn Đoòng Cave

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top