ထွက်ရှိပြီး ၂၄ နာရီအတွင်းမှာ စံချိန်တင်ကြည့်ရှုမှုနှုန်းကို ရခဲ့တဲ့ Avengers: Endgame ရုပ်ရှင် Trailer

TONT-STARK-AVENGERS-ENDGAME-1.jpg

ဝေါ့လ်ထ်ဒစ်စနေကတော့ ရုပ်ရှင်ဇာတ်ကား Trailer ကြည့်ရှုမှုအများဆုံးစံချိန်ကို နောက်တစ်ကြိမ် ချိုးဖျက်လိုက်နိုင်ပြန်ပါပြီ။ သောကြာနေ့ မနက်ပိုင်းက အင်တာနက်ပေါ်ကို စတင်ရောက်ရှိလာခဲ့တဲ့ Avengers: Endgame ရုပ်ရှင်ရဲ့ ပထမဆုံး Trailer ဟာ သမိုင်းတလျှောက်မှာ ၂၄ နာရီအတွင်း ကြည့်ရှုမှုနှုန်းအများဆုံး ရုပ်ရှင် Trailer ဖြစ်လာခဲ့ပါတယ်။

၂၄ နာရီအတွင်း ကြည့်ရှုမှုအများဆုံးစံချိန်ကို အရင်ကတင်ခဲ့ဖူးတဲ့ Avengers: Infinity War ရုပ်ရှင် Trailer ထက် Avengers: Endgame ရုပ်ရှင် Trailer က ကြည့်ရှုမှုအရေအတွက် သန်း ၅၀ လောက်ကို ပိုများနေခဲ့တာပါ။ အဲဒါကြောင့် “Thanos ဟာ Avengers တွေကိုကော အင်တာနက်ပေါ်မှာပါ ကြီးစိုးအောင်မြင်ခဲ့တယ်” လို့တောင် ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

ဝေါ့လ်ထ် ဒစ်စနေကုမ္ပဏီရဲ့ အဆိုအရ ဒီ Trailer စတင်ထွက်ရှိတဲ့ ပထမနေ့မှာတင်ပဲ စံချိန်တင်ကြည့်ရှုမှု ၂၈၉ သန်း ရှိခဲ့တာဖြစ်တယ်လို့ သိရပြီး ဒီအဖြစ်အပျက်အတွက် ဒစ်စနေက သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ “ကမ္ဘာတစ်ဝှမ်းက အမာခံပရိသတ်တို့ရေ…စတင်လာခဲ့ချိန်ကနေ ဒီဇာတ်ကားကိုရောက်လာတဲ့အထိ အခိုင်အမာ ရပ်တည်အားပေးခဲ့ကြတဲ့အပြင် အခုလိုမျိုး ၂၄ နာရီအတွင်း ကြည့်ရှုမှု ၂၈၉ သန်းနဲ့ စံချိန်တင်သွားနိုင်တဲအထိ ပါဝင်အားပေးခဲ့ကြတာအတွက် ကျေးဇူးတင်မိပါတယ်” လို့ ရေးသားခဲ့တာကို တွေ့ရပါတယ်။

Mad Titan ကြီး Thanos ရဲ့ လက်ဖျောက်တစ်ချက်ကြောင့် Avengers အဖွဲ့ဝင်တချို့ အမှုန့်ဖြစ်ပျောက်ကွယ်သွားရတာကို ဖော်ညွှန်းတဲ့အနေနဲ့ Avengers Logo အမှုန့်ဖြစ်သွားတဲ့ပုံ ထည့်သွင်းပြထားတာတွေ့ရပြီး ရှေ့ဇာတ်ကား Avengers: Infinity War ရဲ့နောက်ဆက်တွဲအဖြစ်အပျက်တွေပါဝင်လာမယ့် ဒီရုပ်ရှင်ကို မာဗယ်ရဲ့အမာခံပရိသတ်တွေက အကြီးအကျယ် မျှော်လင့် ရင်ခုန်နေကြပါပြီ။

ဒီ Trailer ဟာ Avengers: Endgame ကို ဘယ်လိုပုံစံမျိုးနဲ့ မြင်ရမလဲဆိုတာ မှန်းဆဖို့ အတွေးစပေးရုံတင်မကဘဲ Infinity War ကအဖြစ်အပျက်တွေဖြစ်နေချိန်မှာ လုံးဝအစပျောက်နေခဲ့တဲ့ Clint Barton (Hawkeye) နဲ့ Quantum Realm ထဲကနေ ပြန်ထွက်လာခဲ့တဲ့ Scott Lang ( Antman) တို့ကိုလည်း ထုတ်ပြသွားခဲ့ပါတယ်။

ဒစ်စနေပိုင် အခြားရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ The Lion King (Live Action) ရုပ်ရှင်ရဲ့ Trailer ကတော့ ၂၄ နာရီအတွင်းမှာ ကြည့်ရှုမှုပေါင်း ၂၂၄.၆ သန်း ရရှိခဲ့ပြီး တတိယမြောက်ကြည့်ရှုမှုအများဆုံး ရုပ်ရှင် Trailer ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

Avengers: Endgame Trailer link – https://bit.ly/2Ek4lum

Ref: ew.com “Avengers: Endgame trailer breaks historic single-day viewing record”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top