ဆီလီနာဂိုးမက် နဲ့ တူတူရှိစဉ် ပန်းရောင်ရေကူးဘောင်းဘီဝတ်ခဲ့တဲ့ ဂျပ်စတင်ဘီဘာ

jj.jpg

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ခင်းလောက်က Mexico ရှိရေကူးကန်တစ်ခု မှာနေပူစာလှုံရင်းအပန်းဖြေနေတဲ့JB ကိုမထင်မှတ်ဘဲ တွေ့ရှိခဲ့ကြပါတယ်။

အရောင်တွေတလက်လက်တောက်ပနေတဲ့ ပန်းရောင်ရင့် ရေကူးဝတ်စုံကိုမှ ရွေးဝတ်ထားတဲ့ သူ့ကို လူတွေ တွေ့သွားတာ မဆန်းပါဘူး။ သူ့သူငယ်ချင်းတွေနဲ့တွေ့ဖို့ ဝါညိုဖျော့ရောင်ကောက်ရိုး ဦးထုပ်ကိုဆောင်းထားတဲ့ JB က ခန္ဓာကိုယ် အပေါ်ပိုင်းက တော့ ရှပ်အင်္ကျီမပါဘဲ ဗလာကျင်းထားပါတယ်။

JB ကို laptop ကလွဲလို့ဘာမှပါမလာဘဲ တစ်ယောက်တည်းလာတယ် ထင်ရပေမယ့် တကယ်တော့ သူက Mexicoကိုသူငယ်ချင်းတွေနဲ့တူတူလာတဲ့ Selena Gomez နဲ့ ဒိတ်လုပ်ထားတာပါ။ သူတို့ နှစ်ယောက်လုံးက Instagram မှာ မတင်ခဲ့ကြပေမယ့် Selena ရဲ့ သူငယ်ချင်းဖြစ်တဲ့ Raquelle Steven ရဲ့ Instagramမှာတော့ ဆယ်လီနာ ရေထဲမှာ သူမအခင်ဆုံးသူငယ်ချင်းတွေနဲ့ဘောလုံးဆော့ကစားနေတဲ့ ပုံတင်ထားတာတွေ့ရပါတယ်။

ပန်းရောင်ရင့်ကိုရွေးချယ်ပြီးဝတ်ရဲတာ သတ္တိရှိတယ်ဆိုရပေမယ့် အရောင်မရွေးဘဲအကုန်ဝတ်တတ်တဲ့အကျင့်က JB မှာအရင်ထဲကရှိပါတယ်။ အဝတ်ဗီရိုထဲမှာတွေ့ရင် ပန်းရောင်ရင့် ခေါင်းစွပ်အင်္ကျီပဲဖြစ်ဖြစ်၊ အနီတောက်တောက် ဘောင်းဘီတိုပဲဖြစ်ဖြစ် အကုန်ယူဝတ်တတ်တာ သူ့အကျင့်ပါ။ ဒါပေမယ့် တစ်ဖက်မှာ ချစ်သူ Selena က မနုလွန်း မရင့်လွန်းတဲ့အရောင်လေးတွေကိုရွေးချယ်ပြီး ရိုးရိုးလေးဝတ်စားတတ်သူပါ။သူတို့စုံတွဲရဲ့ အဝတ်အစားရွေးချယ်မှုက ဒီ ၂၀၁၈ မှာ အကြိုက်တူလာမလားဆိုတာတော့ စဉ်းစားစရာပါ။
Teenvogue: Justin Bieber Wears Pink Swim Trunks in Mexico With Selena Gomez
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top