အခြေခံဥပဒေပြင်ဆင်ရန် ပူးပေါင်းကော်မတီဖွဲ့စည်းရေးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု

2008.jpg

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ပူးပေါင်းကော်မတီဖွဲ့စည်းရေးအဆိုကို ယနေ့ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံမဲအများစုနဲ့အတည်ပြုလိုက်ပါတယ်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၂၁ ဦးအနက် ထောက်ခံမဲ ၄၁၄ မဲ့ ၊ ကန့်ကွက်မဲ ၁၉၁ မဲ ၊ ကြားနေမဲ ၆ မဲပေးခဲ့ကြပြီး ထောက်ခံမဲအများဆုံးနဲ့အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် ပူးပေါင်းကော်မတီဖွဲ့စည်းရေးအဆိုကို NLD ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်ကတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး NLDနဲ့ တိုင်းရင်းသားပါတီတွေရဲ့လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ကြပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက် ဆွေးနွေးခဲ့သလို တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ မဆွေးနွေးခင် ကတည်းက ကန့်ကွက်ထားတာဖြစ်ပါတယ်။

Ref: hluttawchannel
Teams(ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top