ဗီယက်နမ်နည်းပညာကုမ္ပဏီ Bkav ၏ Bphone အမှတ်တံဆိပ်စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Bphone-3-Press-Conference-Photo-5-Bkav-CEO-and-Chairman-Mr.-Nguyen-Tu-Quang-with-Bkav-Myanmar-Team.jpg

ဗီယက်နမ်နိုင်ငံမှ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Bkav သည် ၎င်း၏ အဆင့်မြင့် စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် Bphone အား မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်မိတ်ဆက်ပေးခဲ့သည်။ Bkav သည် ဆိုက်ဘာလုံခြုံရေး၊ ဆော့ဖ်ဝဲလ်၊ စမတ်ဖုန်းနှင့် smart home အစရှိသည့်ကဏ္ဍ (၄) ခုတွင် ဦးဆောင်နေသည့်အဖွဲ့အစည်းဖြစ်ပြီး အသုံးပြုသူများအား အကောင်းမွန်ဆုံးအသုံးပြုမှု အတွေ့အကြုံများပေးနိုင်ရန် ၎င်း၏ စမတ်ဖုန်းများတွင် ဆန်းသစ်တီထွင်မှုများကို ထည့်သွင်းထုတ်လုပ်ထားသည်။

Bkav သည် မြန်မာနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်ခြင်းအထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်သွားမည် ဖြစ်သည်။ ပြီးခဲ့သော (၆) လတာကာလအတွင်းတွင် ပြည်တွင်းမှ ဝန်ထမ်းများ၊ မိတ်ဖက် အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ Bkav ၏ကုန်ပစ္စည်းများအား မြန်မာဈေးကွက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ ဝန်ထမ်းအသစ်များအား လေ့ကျင့်သင်ကြားပေးရန်နှင့် မြန်မာနိုင်ငံမှအသုံးပြုသူများအတွက် အကောင်းမွန်ဆုံးသောပံ့ပိုးကူညီမှုများအား ပေးအပ်နိုင်စေရန်အတွက် လုပ်ဆောင်နေခဲ့သည်။

လက်ရှိတွင် အသုံးပြုသူများ အဆင်ပြေလွယ်ကူစေရန်အတွက်လည်း နိုင်ငံတဝန်းတွင် တရားဝင် warranty စင်တာ (၃) ခုနှင့် အရောင်းဆိုင်ပေါင်း (၃၀) နီးပါးကိုလည်း တည်ဆောက်ပြီးဖြစ်သည်။ အလားတူ Bphone ကို ဝယ်ယူအားပေးသူများအတွက် အပိုထပ်ဆောင်းဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက်လည်း Mytel နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ယခုမိတ်ဆက်ပေးခဲ့သော Bkav စမတ်ဖုန်း Bphone တွင်

  • AI နှင့်Dual Pixel PDAF နည်းပညာပါဝင်သည့် အသိဉာဏ်မြင့်မားသောကင်မရာ
  • ဖုန်ဒဏ်ကာကွယ်နိုင်မှုအဆင့် (၆) နှင့် ရေစိုခံနိုင်မှုအဆင့် (၈)
  • ဈေးကွက်အတွင်း မည်သည့်ဖုန်းတွင်မှမပါဝင်သေးသော ခိုးယူမှုခံရမှုကာကွယ်နိုင်သည့်နည်းပညာ
  • အောက်ခြေဘောင်နှင့် ဖုန်းမျက်နှာပြင်ကြားအကွာအဝေး ၂.၂၅ mm သာရှိသည့်မျက်နှာပြင်အပြည့်ဒီဇိုင်း
  • အလူမီနီယံဘောင်အသုံးပြုထားသော အရည်အသွေးမြင့်မားသည့်တည်ဆောက်မှု
  • Sound Plus နည်းပညာသုံးအသံအရည်အသွေး
  • Qualcomm chipset အသုံးပြုထားသည့် ဖုန်းစွမ်းဆောင်ရည်
  • အချောမွေ့ဆုံး Full Gestures စနစ်
  • (၁) ရက်ခွဲထိအသုံးပြုနိုင်မည့် ဘက်ထရီ စွမ်းဆောင်ရည်များ

စသည့်အရည်အသွေးများ ပါဝင်ကြောင်းသိရပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top