၂၀၂၃ ခုနှစ် Asian Telecom Awards ပွဲကြီးတွင် အက်တမ် (ATOM) က ဆုနှစ်ဆု ရရှိ

7.4.2023-yyl-iamge-9.jpg

မြန်မာနိုင်ငံတွင် 4.5G ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် Asian Telecom Awards 2023 ပွဲတွင် ဂုဏ်သတင်းကြီးမားသော ဆုနှစ်ဆုကို ရရှိခဲ့ပါသည်။ အက်တမ် (ATOM) ၏ တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအတွင်း အကောင်းမွန်ဆုံး လုပ်ငန်းစွမ်းဆောင်ရည်များအား အသိအမှတ်ပြုသည့်အနေဖြင့် ‘Telecom Company of the Year – Myanmar’ ဆု နှင့် ‘Mobile Operator of the Year – Myanmar’ ဆုများကို ထိုက်တန်စွာ ရယူနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုဆုများကို ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် စင်ကာပူနိုင်ငံတွင် ကျင်းပသော အခမ်းအနားတွင် အက်တမ် (ATOM) သို့ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Asian Telecom Awards သည် အာရှဒေသတွင်းရှိ လုပ်ငန်းစွမ်းဆောင်ရည်အမြင့်မားဆုံး တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများ၏ အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်လျက်ရှိရာ ယခုနှစ်သည် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။


အက်တမ် (ATOM) သည် ၎င်း၏ အသုံးပြုသူ customer များအတွက် ပြီးပြည့်စုံသော ဝန်ဆောင်မှုများ ပေးအပ်နိုင်ခြင်း၊ ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်မိတ်ဆက်ခဲ့သော အက်တမ် (ATOM) အမှတ်တံဆိပ်အား ဈေးကွက်အတွင်း အောင်မြင်စွာ ထိုးဖောက်နိုင်ခြင်း၊ လုပ်ငန်းဆိုင်ရာစိန်ခေါ်မှုများကို ဖြတ်ကျော်ရင်း နည်းပညာတီထွင်မှုများကိုဦးစားပေးလျက် လူမှုအဖွဲ့အစည်းကို အခြေပြုသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ခြင်း စသည့် လုပ်ငန်းစွမ်းဆောင်ရည်များကြောင့် အဆိုပါ ဆုများအား လက်ခံရရှိခြင်းဖြစ်သည်။

Asian Telecom Awards သည် စင်ကာပူအခြေစိုက် Charlton Media Group မှ ထုတ်ဝေသည့် ထိပ်တန်းစီးပွားရေးမဂ္ဂဇင်းဖြစ်သော Asian Business Review မှ စီစဉ်ခြင်းဖြစ်ပါသည်။ Asian Telecom Awards ၏ ဒိုင်လူကြီးများသည် စီမံခန့်ခွဲရေးဆိုင်ရာ အကြံပေးသော ထိပ်တန်း ကုမ္ပဏီကြီး (၄) ခုအဖြစ် ကျော်ကြားသော Deloitte၊ KPMG၊ PricewaterhouseCoopers (PwC) နှင့် Ernst & Young (EY) များမှ တာဝန်ရှိကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top