မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားရင်ဆိုင်ခဲ့ရတဲ့ ကေတီပယ်ရီ

98a39bf4930cf177fb8e038f7048467e.jpg

ပေါ့စ်အဆိုတော် ကေတီပယ်ရီ (Katy Perry) ရဲ့၂၀၁၃ခုနှစ်က ထွက်ရှိခဲ့တဲ့နာမည်ကြီးသီချင်း Dark Horse ဟာ၂၀၀၉ခုနှစ်က ခရစ်ယာန်ရက်စ်ပါ မာဂျူစ် ဂရေးရဲ့သီချင်းကို ကော်ပီလုပ်ထားတယ်လို့ သိရပါတယ်။ တနင်္လာနေ့က လော့အိန်ဂျလိတရားရုံးမှာ အဲဒါနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် (၉) ယောက်ပါဝင်တဲ့ ဖက်ဒရယ်ဂျူရီအဖွဲ့က ကြားနာမှုတွေပြုလုပ်ခဲ့ကြပါတယ်။

သူတို့တွေက ခရစ်ယာန်သီချင်းရဲ့ စည်းချက်တွေက မူပိုင်ခွင့်တင်ထားကြောင့် မူရင်းဖြစ်ဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်ကတည်းက ခရစ်ယာန်ရက်စ်ပါ မာဂျူစ် ဂရေး (Marcus Gray) နဲ့ တွဲဖက်သီချင်းရေးဆရာနှစ်ဦးတို့က ကေတီပယ်ရီကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အခုမှ ဂျုရီအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်မှုတွေလုပ်ခဲ့တာပါ။ ဂရေးက သူ့ရဲ့သီချင်း “Joyful ရဲ့ စည်းချက်နဲ့ ဂီတသံစဉ်တွေကို “Dark Horse” သီချင်း ဖန်တီးဖို့အတွက် ကူးယူထားတယ်လို့ ပယ်ရီကို စွပ်စွဲခဲ့ပါတယ်။ မူပိုင်ခွင့်ချိုးဖောက်မှုရဲ့ အဓိကအကြောင်းအရင်းက စာသားကြောင့်မဟုတ်ဘဲ စည်းချက်ကြောင့်ပါပဲ။

ပယ်ရီက သူ့ရဲ့သီချင်းက ကိုယ်တိုင်ရေးသားထားတာဖြစ်ပြီး အဲဒီရက်ပ်သီချင်းကို မကြားခဲ့ဖူးပါဘူးလို့ ဂျူရီအဖွဲ့ကို ပြောပါတယ်။ ပယ်ရီရဲ့ဥပဒေအဖွဲ့ကလည်း “လူတိုင်း အသုံးပြုလို့ရတဲ့ ရိုးရှင်းတဲ့ဂီတသံစဉ်တွေ သီချင်းမှာ ပါတယ်။ ဒါကြောင့် မူပိုင်ခွင့်မဖြစ်နိုင်ဘူး” လို့ ငြင်းဆိုပါတယ်။

ဂျူရီတွေက သီချင်းစာသားတွေကိုသာ ရေးသားခဲ့တဲ့ ပယ်ရီ၊ ဆာရက် ဟူဆန်၊ ရက်စ်စာသားကိုသာ ရေးခဲ့တဲ့ Juicy J တို့ အပါအဝင် သီချင်းထွက်ရှိခဲ့တဲ့၊ ဖြန့်ချိခဲ့တဲ့ သီချင်းရေးဆရာ (၆) ဦး၊ ပူပေါင်းပါဝင်တဲ့သူ (၄) ဦးတို့က တာဝန်ရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဂျူရီတွေရဲ့နောက်ဆုံးဆုံးဖြတ်ချက်ဖတ်ကြားတဲ့အခါမှာ ပယ်ရီမပါဝင်ခဲ့ပါဘူး။

တာဝန်ယူရမယ့် အခြားအပြစ်ရှိတဲ့သူတွေက သီချင်းရဲ့စည်းချက်ကို ထည့်ထားတဲ့ Capitol Records နဲ့ ပယ်ရီရဲ့ ပရိုဂျူဆာတွေပါပဲ။

အခုဆိုရင် ဒီအမှုနဲ့ ပတ်သက်ပြီး ဂရေးက ပယ်ရီနဲ့အခြားအပြစ်ရှိသူတွေဆီကနေ မူပိုင်ခွင့်ချိုးဖောက်ခွင့်အတွက် လျော်ကြေးငွေဘယ်လောက်ရမလဲဆိုတာကို ဂျူရီအဖွဲ့က အမိန့်ချသွားဦးမှာဖြစ်ပါတယ်။

Ref: CBSNews “Katy Perry’s “Dark Horse” copied Christian rap song, jury finds”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top