အလုပ်ထဲမှာ ရာထူးအမြဲတိုးကြသူတွေရဲ့ အကြောင်းရင်း

1-lbRQRBMyPvJ6EU89_pHo5A.jpeg

အလုပ်ခွင်တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့သဘောသဘာဝက သာမန်အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ပဲရှိတဲ့ ဝန်ထမ်းတွေက ထိပ်တန်းတွေထက် သာသွားတာပါပဲ။ ဒီလိုဖြစ်ရတာကလည်း အကြောင်းအရင်းအမျိုးမျိုးaကြာင့်ဆိုပေမဲ့ ရာထူးမြန်မြန်ဆန်ဆန် တိုးသွားသူတွေက ဘွင်းဘွင်းရှင်းရှင်းနဲ ပျော်ပျော်နေတတ်သူတွေဖြစ်ဖို့များပါတယ်။ ဒီလိုမျိုး အရည်အချင်းမျိုးရှိလို့လည်း အလုပ်ခွင်မှာ လူတိုင်းနဲ့အဆင်ပြေပြီး ရာထူးတိုးဖို့အလားအလာ ရှိသွားတာပါလို့ ရောင်းအားအကောင်းဆုံးစီမံခန့်ခွဲမှုဆိုင်ရာစာပေတွေကို ရေးသားတဲ့ဆူဇီဝပ်ချ် (Suzy Welch)က ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ် (၃၀) အကြာက ဟားဗဒ်စီးပွားရေးကျောင်းမှာ သူ့ရဲ့အတန်းဖော်က အလုပ်အရင်ဆုံး မရခဲ့ပေမဲ့ အောင်မြင်ကျော်ကြားနေတာကိုတော့တွေ့ခဲ့ရပြီး ဆူဇီတစ်ယောက် ဒီလိုအဆိုကို ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အတန်းဖော်က သူငယ်ချင်းအပေါင်းအသင်းဝင်ဆန့်သူဖြစ်သလို ပျော်ပျော်နေတတ်ပြီး အများကိုကူညီတတ်သူလည်းဖြစ်ပါတယ်။

ဒီအချိန်ကစပြီး ဆူဇီတစ်ယောက်ဘဝမှာ တက္ကသိုလ်က အမှတ်စာရင်းတွေထက် ပြင်ပလောကမှာ နေထိုင်တတ်တဲ့အရည်အချင်းက ပိုမိုအရေးကြီးတာကို နားလည်လိုက်ပါတယ်။ လုပ်ငန်းခွင် အဖွဲ့အစည်းတွေဆိုတာက အသင်းအဖွဲ့နဲ့လုပ်ရတဲ့အလုပ်တွေကပိုများပြီး တစ်ကိုယ်တော်ဒရမ်မာ ခင်းနိုင်တဲ့အကွက်က နည်းပါတယ်။ ဒီလိုနေရာမျိုးမှာ ပျော်ပျော်နေတဲ့ Extroverts တွေက ပိုပြီး အခွင့်အရေးသာပါတယ်။ လက်တွဲလုပ်ရတဲ့လုပ်ဖော်ကိုင်ဖက်တွေလည်း စိတ်ချမ်းသာပြီး လူတိုင်းသဘောကျသူဖြစ်လာတဲ့အခါ ရာထူးတက်ဖို့အခွင့်အလမ်းက လက်ကမ်းကြိုနေပါတယ်။

ဒီလိုပြောတော့ အနေအထိုင်အေးဆေးပြီး ကုပ်ကုပ်လေးနေတတ်တဲ့ introverts တွေက တက်လမ်း မရှိနိုင်တော့ဘူးဆိုပြီး စိတ်ပျက်အားငယ်စရာမလိုပါဘူး။ အဓိကကတော့ ကိုယ့်ရဲ့ အနေအထိုင်အေးမှုက အလုပ်ကြိုးစားမှုကိုအသိအမှတ်ပြုဖို့ချို့ယွင်းချက်မဟုတ်ဘူးဆိုတာကို အလုပ်ရှင်သိအောင် ပြောထားရပါမယ်။

Extrovert ပဲဖြစ်ဖြစ် introvert ပဲဖြစ်ဖြစ် အကုန်လုံးက လုပ်ငန်းခွင်ထဲမှာ တော်ပြီးထက်မြက်တာ မှန်ရင် ရာထူးတိုးဖို့တန်းစီတဲ့အထဲမှာ အကုန်လုံးကို ညီတူမျှတူဖြစ်နေသင့်ပါတယ်။ ဒါပေမဲ့လို့ အလုပ်ရှင်တွေ မျက်လုံးထဲမှာတော့ ပျော်ပျော်နေတတ်ပြီး အပေါင်းအသင်းဝင်ဆန့်အောင် ပေါင်းတတ်သူတွေကိုသာ မြင်လေ့ရှိတာမို့ ဒီလိုလူတွေ ရာထူးမြန်မြန်တိုးကြတာပဲ ဖြစ်ပါတယ်။

Ref: cnbc “Suzy Welch: There’s a specific type of employee that always gets the promotion—here’s why”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top