DxOMark Ranking တွင် နံပါတ် (၁) နေရာရခဲ့သည့် Samsung Galaxy S10 5G ၏ကင်မရာများ

2.-Galaxy-S10-5G.jpg

Samsung Electronics Co., Ltd. မှ ထုတ်လုပ်ရောင်းချလိုက်သည့် Galaxy S10 5G ဖုန်း၏ အနောက်ဘက်နှင့် ရှေ့ဘက် Selfie ကင်မရာနှစ်မျိုးစလုံးသည် DxOMark ၏ camera Ranking တွင် နံပါတ်တစ်နေရာရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။DxOMark သည် မိုဘိုင်းဖုန်းများ၏ ကင်မရာနှင့် ပုံအရည်အသွေးများကို သီးခြားဆန်းစစ်ပေးနေသော ယုံကြည်ရသည့် စံနှုန်းတစ်ခုအဖြစ် နာမည်ကျော်ကြားပါသည်။ DxOMark သည် တိကျခိုင်မာသော စမ်းသပ်မှုစံချိန်စံညွှန်းများကိုအသုံးပြု၍ သုံးစွဲသူများအတွက် စမတ်ဖုန်း ကင်မရာများ၏ စွမ်းဆောင်ရည်နင့် အရည်အသွေးကို ဘက်လိုက်မှုမရှိဘဲ ယုံကြည်စိတ်ချရသော အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ဗီဒီယိုရိုက်ကူးမှုတွင် Bar အရေအတွက် (၁၀၀) ကို ရရှိခဲ့သော ပထမဆုံး ဖုန်းတစ်လုံးလည်း ဖြစ်လာခဲ့

Galaxy S10 5G ၏ အနောက်ဘက် ကင်မရာသည် ဓာတ်ပုံနှင့် ဗီဒီယို စွမ်းဆောင်ရည်နှစ်ခုစလုံးအတွက် DxOMark Mobile scale တွင် နံပါတ်တစ်နေရာကို ဓာတ်ပုံပိုင်းတွင် (၁၁၇) မှတ် နှင့် ဗီဒီယိုပိုင်းတွင် (၁၀၀) မှတ်၊ စုစုပေါင်း (၁၁၂) မှတ် ရရှိခဲ့သည်။ ထို့အပြင် ဗီဒီယိုရိုက်ကူးမှုတွင် Bar အရေအတွက် (၁၀၀) ကို ရရှိခဲ့သော ပထမဆုံး ဖုန်းတစ်လုံးလည်း ဖြစ်လာခဲ့သည်။ DxOMark ၏ စမ်းသပ်ချက်တွင် Galaxy S10 5G ဖုန်း၏ အနောက်ဘက်ကင်မရာသည် မြန်ဆန်တိကျပြီး အလိုအလျောက်ချိန်ညှိပေးသည့် Autofocus နှင့် မည်သည့်အခြေအနေတွင်မဆို အဆင့်မြင့်စွာအသေးစိတ်ကျပြီး အရောင်မှန်ကန်ရုံသာမက အလင်းရောင်ကောင်းသောဓာတ်ပုံကောင်းများရရှိအောင် ရိုက်ကူးပေးနိုင်ကြောင်း အသိအမှတ်ပြုခဲ့သည်။

Galaxy S10 5G သည် DxOMark ၏ Selfie ranking တွင်လည်း အရှေ့ကင်မရာအတွက် ပထမနေရာကို ရရှိခဲ့

Galaxy S10 5G သည် DxOMark ၏ Selfie ranking တွင်လည်း အရှေ့ကင်မရာအတွက် ဓာတ်ပုံပိုင်းဆိုင်ရာတွင် (၁၀၁) မှတ် နှင့် ဗီဒီယိုပိုင်းဆိုင်ရာတွင် (၇၀) မှတ်၊ စုစုပေါင်း အမှတ် (၁၁၂) မှတ်ဖြင့် ပထမနေရာကို ရရှိခဲ့သည်။ Galaxy S10 5G ၏ ကင်မရာအရည်အသွေးကို သိရှိနိုင်ရန်အတွက် DxOMark သည် အလင်းအမှောင်ချိန်ညှိမှု၊ အရောင်အရည်အသွေး၊ အလိုအလျောက်ချိန်ညှိမှုစနစ်၊ Texture၊ Noise၊ Flash၊ Artifacts၊ Zoom နှင့် Bokeh တို့ကို အလင်းရောင်အားနည်းချိန်၊ အခန်းတွင်းရှိချိန်နှင့် အလင်းရောင်တောက်ပသောအချိန်များတွင် စမ်းသပ်ခဲ့သည်။

Galaxy S10 5G တွင် ပညာရှင်အဆင့်အသုံးပြုနိုင်သောကင်မရာများတပ်ဆင်ထားပြီး အရှေ့ဘက်တွင် နှစ်ခုနှင့် အနောက်ဘက်တွင် လေးခု စုစုပေါင်း ကင်မရာခြောက်ခုပါဝင်သည်။ အရှေ့ဘက်ရှိ Dual Pixel AF Selfie ကင်မရာသည် selfie ဓာတ်ပုံရိုက်ကူးမှုကို နောက်ထက်အဆင့်တစ်ခုထိ ခေါ်ဆောင်သွားနိုင်သည်။ အနောက်ဘက်ကင်မရာတွင်ပါဝင်သော Samsung ၏ ပိုမိုကြီးမားကျယ်ပြန့်သော မြင်ကွင်းကျယ်ကင်မရာမှန်ဘီလူးဖြစ်သည့် Ultra Wide Lens သည်လည်း ရင်သပ်ရှုမောဖွယ်ပုံရိပ်များများကို မှတ်တမ်းတင်ရိုက်ကူးရာတွင် အလွန် အသုံးဝင်စေမည်ဖြစ်သည်။

Galaxy S10 5G သည် စမတ်ဖုန်းကင်မရာကို Neural Processing Unit (NPU) ဖြင့် သိသိသာသာအဆင့်မြင့်လာစေပြီး 3D Depth Camera ဖြင့် ပြီးပြည့်စုံသော ရိုက်ချက်များရရှိစေ

Galaxy S10 5G သည် စမတ်ဖုန်းကင်မရာကို Neural Processing Unit (NPU) ဖြင့် သိသိသာသာအဆင့်မြင့်လာစေပြီး 3D Depth Camera ဖြင့် ပြီးပြည့်စုံသော ရိုက်ချက်များရရှိစေသည်။ အဆိုပါ NPU သည် Quick Measure ဖြင့် အရာဝတ္ထုများအား တိုင်းတာထားသည့် Bokeh Effects ပါဝင်သော Live Focus Video အား ပိုမိုပီပြင်အောင် ရိုက်ကူးနိုင်စေမည်ဖြစ်သည်။ ထိုသို့ရိုက်ကူးနိုင်ရန်အတွက် အလင်း Signal တစ်ခုမှ အရာဝတ္ထုများအားထိတွေ့ရာတွင် ကြာသောအချိန်များအား တိုင်းတာပေးနိုင်သည့် အသေးစိတ်အချက်အလက်များအား ဖော်ပြပေးနိုင်မည် ဖြစ်သည်။ DxOMark Selfie နှင့် DxOMark Mobile စမ်းသပ်ချက်များအကြောင်း ပိုမိုသိရှိလိုပါက https://www.dxomark.com/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top