“The Voice Myanmar, Season 2” အတွက် ပြိုင်ပွဲဝင်တွေကို မဲပေးနိုင်မယ့် Voting Packs အသစ်တွေကို MPT က မိတ်ဆက်

mpt-2.png

ယှဉ်ပြိုင်မှုပြင်းထန်လာတဲ့ The Voice Myanmar Season 2 အတွက် MPT အသုံးပြုသူတွေအနေနဲ့ MPT နှင့် The Voice Myanmar ရဲ့ Web Portal ဖြစ်တဲ့ “thevoice.mptvote.com” နဲ့ SMS Voting စနစ်တွေကတစ်ဆင့် အလွယ်တကူ မဲပေးနိုင်တော့မှာဖြစ်ကြောင်း MPT က ဧပြီ (၂၉) ရက်နေ့မှာ သတင်းထုတ်ပြန်ကြေညာထားပါတယ်။ မကြာမီရောက်ရှိလာတော့မယ့် Live Performance အစီအစဉ်ကနေ စတင်ပြီး အသစ်ထုတ်လိုက်တဲ့ Voting Pack တွေဖြစ်တဲ့ vote ၁၀ ခု မှ vote အခု ၁၀၀ အထိ ပါဝင်မယ့် voting packs တွေကို (၂၆၃) ကျပ် မှ (၂,၆၂၅) ကျပ် အထိ ဝယ်ယူနိုင်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံတစ်ဝှမ်းက ပရိသတ်တွေအနေနဲ့ မိမိတို့နှစ်ခြိုက်တဲ့ ပြိုင်ပွဲဝင်တွေကို အားပေးနိုင်ကြမှာ ဖြစ်ပါတယ်။

The Voice Myanmar season 2 အစီအစဉ်ကို မိမိတို့နေအိမ်မှာကော၊ စတူဒီယိုကနေသပါ ကြည့်ရှုကြမယ့် ပရိသတ်တွေအနေနဲ့ မူလ Vote ပေးနည်းဖြစ်တဲ့MPT Online Voting portal နဲ့ vote ပေးရာမှာ portal အသုံးပြုမှုအတွက် မည်သည့် data အသုံးပြုခမျှ ကျသင့် ခြင်းမရှိဘဲ အသုံးပြုနိုင်မှာဖြစ်ပြီး၊ MPTက အခု season အတွက် ပထမဦးဆုံးအနေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ SMS voting ကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခု SMS voting အစီအစဉ်ကို MPT အသုံးပြုသူတွေသာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး SMS voting pack တွေမှာ voting အရေအတွက် အကန့်အသတ်မရှိ ပေးနိုင်ပေမဲ့ အသုံးပြုမှုအတိုင်းသာကျသင့်မယ့် PAYG ကိုရွေးချယ်ထားတဲ့ မဲပေးသူတွေအနေနဲ့ episode တစ်ခုအတွက် onlineမှာကော SMSနဲ့ပါ အများဆုံး (၃) ကြိမ်အထိသာ မဲပေးနိုင်ကြမှာဖြစ်ပါတယ်။

MPT အသုံးပြုသူတွေအတွက် Package (၅) မျိုး ခွဲခြားပေးထားပြီး အနည်းဆုံး မဲအရေအတွက် (၁၀)ခုကို (၂၆၃) ကျပ် ကစပြီး မဲအရေအတွက် ၁၀၀ ကို (၂,၆၂၅) ကျပ် အထိ သတ်မှတ်ပေးထားပါတယ်။ MPT သုံးစွဲသူတွေအနေနဲ့ မဲအရေအတွက် ၁၀ ၊ ၂၀ ၊ ၃၀၊ ၅၀ နှင့် ၁၀၀ အစရှိတဲ့ package တွေကို သင်တင့်တဲ့ နှုန်းထားတွေနဲ့ ရွေးချယ်ဝယ်ယူနိုင်ကြမှာဖြစ်ပါတယ်။

Online Voting Portal နဲ့ SMS Voting တွေအတွက် ပက်ကေ့ချ် အသစ်တွေနဲ့ ဈေးနှုန်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

SMS voting ကို အသုံးပြုလိုတဲ့ MPT အသုံးပြုသူ The Voice Myanmar ပရိသတ်တွေအနေနဲ့ Buy စာလုံးနောက်မှာ (မိမိဝယ်ယူလိုတဲ့ vote အရေအတွက် 10 ၊ 20 ၊ 30 ၊ 50 ၊ 100) ကို ထည့်သွင်းပြီး “55500” ကို SMS ပေးပို့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Online voting platform အသုံးပြုခြင်း၊ SMS ပေးပို့ခြင်း၊ ပြိုင်ပွဲဝင်တွေရဲ့ ကိုယ်ပိုင် ကုဒ်နံပါတ်တွေနဲ့ အခြားသော လုပ်ဆောင်ချက်တွေကို ရှင်းပြထားတဲ့ ဗီဒီယို ကိုလည်း မကြာခင်မှာ MPT ရဲ့တရားဝင် Facebook စာမျက်နှာ၊ Website နှင့် YouTube channel တွေမှာ တင်ပေးသွားမှာဖြစ်ပါတယ်။ The Voice Myanmar Season 2 အတွက် live voting တွေကို မေလ (၂၆) ရက် ၂၀၁၉ မှာ စတင်သွားမှာ ဖြစ်ပြီး၊ ပရိသတ်တွေအနေနဲ့ MRTV 4 Channel မှာ ကြည့်ရှုနေစဉ်အတွင်း မိမိတိုနှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကို မဲပေးနိုင်မှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top