အလုပ်သမားတွေအတွက် ကမ္ဘာအဆိုးရွားဆုံး နိုင်ငံ (၁၀) နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်

malaysia-myanmar-migrant-burmese-worker_Photo_Reuters-copy-1.jpg

ရန်ကုန်၊ သြဂုတ် (၁၆)

အလုပ်သမားတွေအတွက် ကမ္ဘာအဆိုးရွားဆုံး နိုင်ငံ (၁၀) နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လာတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ အလုပ်သမားတွေအပေါ် နေရာအနှံအပြားနှိပ်ကွပ်ပြီး ပြည်သူလူထုအပေါ်ဖိနှိပ်မှုပြုလုပ်တဲ့ နိုင်ငံအဖြစ် သက်ဆင်းကျရောက်ခဲ့တာဖြစ်တယ်လို့ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းအရ သိရပါတယ်။

“မြန်မာနိုင်ငံဟာ အလုပ်အကိုင်ရှားပါတဲ့ စီးပွားရေးဖိစီးမှုဒဏ်ကို ရင်ဆိုင် နေရတယ်။ အသက်မွေးမှုလုပ်ငန်းတွေကလဲ ခြိမ်းခြောက်မှုအောက်ရောက်နေတယ်။ ဒါပေမဲ့ အခု ခန့်မှန်းတွက်ချက်မှုက ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ အလုပ်အကိုင်တွေက ပြင်းပြင်းထန်ထန်နဲ့ လျင်လျင်မြန်မြန် ပိုဆိုးဝါးလာပြီး မြန်မာနိုင်ငံကို အလွန်အမင်းဆင်းရဲနွမ်းပါးသွားအောင် တွန်းပို့သွားနိုင်တယ်ဆိုတာကို ပြသနေပါတယ်” လို့ မြန်မာနိုင်ငံ ILO ရဲ့ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ ကိုယ်စားလှယ် Mr Donglin Li က ပြောပါတယ်။

ဖေဖော်ဝါရီ (၁) ရက်နောက်ပိုင်းကစပြီး မြန်မာနိုင်ငံအတွင်းက လုပ်သားဈေးကွက်အခြအနေဟာ သိသိသာသာ ဆိုးရွားလာနေတာဖြစ်ပြီး စီးပွားရေးလုပ်ငန်း ကဏ္ဍအားလုံး ရိုက်ခတ်ခံနေရပေမယ့် အဲ့ဒီထဲမှာ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်း နဲ့ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေဟာ အထိအနာဆုံးလုပ်ငန်းတွေထဲမှာ ပါဝင်နေပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top