ကြိုတင်မဲပေးရန် ပုံစံ(၁၅) ပေးပို့ လာသူ ၄၆၀၀၀ ကျော်ရှိ

localnews02.jpg

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံပြင်ပရောက်ရှိသူတွေ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ ကြိုတင်မဲပေးနိုင်ဖို့ အတွက် ဖြည့်စွက်ပေးပို့လာတဲ့ အဆိုပြုပုံစံ(၁၅) ၄၆၃၁၇ စောင်ကို စိစစ်လက်ခံရရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီအဆိုပြုပုံစံ(၁၅)တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန် ကြားရေးမှူး ဦးရဲရင့်လွင်ထံကို ဩဂုတ် ၁၄ ရက်၊ မွန်းလွဲပိုင်းမှာ ပထမအကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အခုလိုကြိုတင်မဲပေးနိုင်ဖို့အတွက် ပေးပို့လာတဲ့ အဆိုပြုပုံစံ(၁၅)တွေကို သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေက ဇူလိုင် ၁၆ ရက်မှာ စတင်စိစစ် လက်ခံ ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီးတော့ အဆိုပြုပုံစံ(၁၅) ၄၆၃၁၇ စောင်ကို ရုံးပေါင်း(၃၁)ရုံးက စိစစ်လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများအနေနဲ့ ဆက်လက်ပေးပို့လာမယ့် အဆိုပြုပုံစံ (၁၅)တွေကို လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးကို စနစ်တကျလွှဲပြောင်းပေးအပ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပုံ – နိုင်ငံခြားရေးဝန်ကြီးဌာန

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top