၂၀၁၉ အိုင်ဗရီကို့စ်နိုင်ငံတကာကြက်တောင်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲသွားပြန်တဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာ

65946979_2428113170565254_7828119311947399168_n.jpg

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ၂၀၁၉ ခုနှစ် အိုင်ဗရီကို့စ်နိုင်ငံတကာကြက်တောင်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ နိုင်ခြေအဆင့် (၁) ရှိသူ ကမ္ဘာ့အဆင့် (၈၂) အိန္ဒိယကြက်တောင်မယ် ကုဒရာဝါလီကို (၂၁-၁၈/ ၂၁-၁၃ ) နဲ့ နှစ်ပွဲပြတ်အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါပြီ။

သက်ထားသူဇာက ပြိုင်ပွဲဒုတိယအဆင့်မှာ နိုင်ခြေအဆင့် (၂) သတ်မှတ်ခံထားရတဲ့ မော်ရစ်သျှကြက်တောင်မယ် ကိတ်ဖူးကူနီ၊ ကွာတားဖိုင်နယ်မှာ ပါကစ္စတန်ကြက်တောင်မယ် ရှာဇတ်တို့ကို ဖြုတ်ချနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာလည်း အီရန်ကြက်တောင်မယ် ဆိုရာယာကို (၂၁-၁၉)၊ (၂၁-၁၉)နဲ့ (၂) ပွဲပြတ်အနိုင်ယူကာ ဗိုလ်လုပွဲဆီတက်လှမ်းလာခဲ့တာပါ။

ဒီပြိုင်ပွဲမှာ ဗိုလ်မစွဲသေးခင်အချိန်ထိ ကမ္ဘာ့အဆင့် (၁၀၁) မှာရှိခဲ့တဲ့ သက်ထားသူဇာဟာ ဒုတိယနေရာပဲရခဲ့ရင်လည်း ကမ္ဘာ့အဆင့် (၉၇) ကိုတက်သွားဖို့ရှိပေမဲ့ အခုလိုဗိုလ်စွဲခဲ့တာကြောင့် ကမ္ဘာ့အဆင့် (၈၅) အထိ အဆင့်တက်သွားခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top