အောင်မြင်သူတိုင်းမှာရှိတဲ့အရာတစ်ခု

businessman-holding-coffee-and-key-of-success-CHQFBER.jpg

ဘဝမှာ အောင်မြင်မှုများစွာ ရရှိသူတိုင်းဟာ တစ်ချိန်တုန်းက ကျရှုံးမှုများစွာ ရရှိသူများ ဖြစ်ပါတယ်။

ဟယ်ရီပေါ်တာ စာအုပ်ကို ရေးသားတဲ့ J.K. Rowling ဟာဆိုရင် ထုတ်ဝေသူ ၁၂ ဦးရဲ့ ငြင်းပယ်မှုကို ခံခဲ့ရပြီး နောက်ဆုံးတော့ မရ ရအောင် ထုတ်လိုက်တဲ့ အခါ သူမကို ဘီလျံနာ ဖြစ်စေခဲ့ ပါတယ်။ Disney Land နဲ့ ကုမ္ဗဏီကို တည်ထောင်သူဆိုရင် အယ်ဒီတာ အလုပ်မှ အထုတ်ခံရပြီး အလုပ် အသစ်တိုင်းမှာလည်း အရည်အချင်း မပြည့်မှီလို့ အထုတ်ခံရပြီးတော့ နောက်ပိုင်း Disney ကို တည်ထောင်ခဲ့ရာ အောင်မြင်လာ ပါတယ်။

ယင်းကဲ့သို့ ဖြစ်ရပ် သာဓကတွေ များစွာ ရှိပါတယ်။ သူတို့ နေရာမှာ အခြား သာမန်လူ တစ်ယောက်ဆိုရင် ငါဟာ ဒီအရာနဲ့ မထိုက်တန်ပါဘူးလေ ဆိုတဲ့ စိတ်နဲ့ လှည့်ထွက်ပြီး ဘဝကို အရှံးပေးနေလောက်ပါပြီ။ တကယ်တန်း အောင်မြင်သူတွေကို ကြည့်လိုက်တဲ့ အခါ အခက်အခဲတွေ အပြင် ကျရှုံးမှုတွေကိုပါ ကြုံသည့်တိုင်း ယင်းအရာကို ထပ်ပြီးတော့ ရင်ဆိုင်မယ့် သတ္တိတွေ ပြည့်ဝလို့ နေပါတယ်။ စီးပွားရေး တစ်ခုက မအောင်မြင်လို့ ကျဆုံးသည့်တိုင် စလုံးရေ စဖို့ သတ္တိ အပြည့်ရှိသူ၊ အခက်အခဲတွေကို အားအင်အဖြစ် ပြောင်းလဲနိုင်သူများ ဖြစ်ပါတယ်။

သူတို့ရဲ့ စိတ်ထဲမှာ ‘Screw limit’ လို့ ရေရွတ်နေတတ်ပါတယ်။ ကြိုးစားမှုတိုင်းမှာ limit ရှိတယ်ဆိုတဲ့ အယူအဆကို မယုံကြ ပါဘူး။ ကျရှုံးမှုများကို ငိုကြွေးနေမယ့်အစား သင်ခန်းစာအဖြစ် ခံယူတတ်ပါတယ်။ မိမိဟာ ဘယ်အရာကို ဘာကြောင့် လုပ်နေတယ်ဆိုတာကို ကွဲကွဲပြားပြား သိရှိ ရှေ့ဆက်နေသူများ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top