ကျွမ်းကျင်သော လူထုစကားပြော စွမ်းရည် ဖြစ်လာစေရန်

elegant-speaker-P6CWU73.jpg

လုပ်ငန်းခွင်တစ်ခု ဝင်ရင်တော့ Presentations တွေ လုပ်ရမှာကတော့ မလွဲဧကန်ပါပဲ။ တချိူ့ တွေက အဲ့လိုတွေလုပ်ဖို့ ကြောက်ရွံ့ ကြတယ်၊ စိတ်လှုပ်ရှားကြတယ်။ အဲဒီလိုတွေ မဖြစ်စေဖို့ နည်းလမ်းကောင်းလေးတွေကို အခု မျှဝေပေးမှာ ဖြစ်ပါတယ်။

မာတိကာများထက် အယူအဆများကို မှတ်ပါ

ကိုယ်ပြင်ဆင်ထားတဲ့ စာရွက်မှာပါတာကို တစ်လုံးမကျန် မှတ်မည့်အစား အကြောင်းအရာ၏ အဓိက အချက်များကို မှတ်ပါ။ ပြောရမည့်အချက်များကို စာရင်းလုပ်ထားပါ။

Presentation မစခင် နားထောင်သူတွေနဲ့ ရင်းနှီးမှုယူပါ

ကိုယ်က မပြောခင် ရင်းနှီးမှု ကြိုယူထားတော့ ပြောတဲ့အချိန်မှာ စိမ်းစိမ်းကြီး ဖြစ်မနေတော့ဘူးပေါ့။

Powerpoint Slides တွေမှာ စာတွေအများကြီး ထည့်တာထက် စာတိုများ (သို့) ပုံများထည့်ပါ

Powerpoint Slides များမှာ စာတွေအများကြီးထည့်ရင် နားထောင်သူတွေလည်း ပျင်းသွားမှာ ဖြစ်ပါတယ်။

နားထောင်သူတွေရဲ့ မျက်လုံးကို ကြည့်ပါ

တချိူ့ တွေက Powerpoint Slides တွေကိုဖြစ်ဖြစ် မှတ်စု စာရွက်တွေကိုပဲဖြစ်ဖြစ် ကြည့်နေတတ်ကြတယ်။ အဲ့ဒီ့အစား နားထောင်သူတွေနဲ့ မျက်လုံးချင်း ကြည့်ဖြစ်အောင်နေပါ။

တကယ် ပြောရမည့်ရက် မတိုင်ခင် ကြိုလေ့ကျင့်ထားပါ

ဘယ်သူမဆို လက်တမ်းပြောဖို့အတွက်ဆို အနည်းနဲ့အများတော့ အခက်အခဲ ကြုံကြတာပါပဲ။ ဒါ့ကြောင့် ကြိုလေ့ကျင့်သွားပါ။

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သင်ဟာ ကျွမ်းကျင်သော လူထုစကားပြော (Public Speaker) ကောင်း တစ်ယောက် ဖြစ်လာနိုင်မယ်ဆိုတာ သေချာနေပါပြီ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top