ဗီယက်နမ်မှ ကမ္ကာကျော် ကူချီ ဥမင်လှိုဏ်ခေါင်

vie.jpg

ကူချီ ဥမင်လှိုဏ်ခေါင်း ဆိုတာ အမေရိကန်တွေကို တိုက်ထုတ်နိုင်ခဲ့သော တူးမြောင်း ဆိုတာကိုလည်း အတော်များများ သိပြီးသား ဖြစ်မှာပါ။

၎င်း ကူချီဥမင်လှိုဏ်ခေါင်းဟာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ အနီးမှာ ၁၉၆၈ ခုနှစ်က အမေရိကန်ကို တိုက်ခိုက်ဖို့ အတွက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုဥမင်လှိုဏ်ခေါင်းထဲမှာ ခိုအောင်း နေထိုင်နိုင်ပြီး ချက်ပြုတ် စားသောက်နိုင်အောင်လည်း ဖန်တီးထားပါတယ်။ ချက်ပြုတ်စားသောက်တဲ့အခါမှာ ထွက်တဲ့ မီးခိုးငွေ့တွေကိုလည်း ဥမင်လှိုဏ်ခေါင်း အတွင်းမပျံ့နှံ့အောင် မီးခိုထွက်ပေါက်ပါ တစ်ပါတည်း ပြုလုပ်ထားပါတယ်။

ကူချီ ဥမင်လှိုဏ်ခေါင်း တည်ရှိရာ နေရာမှာ စစ်ပွဲတွင် အသုံးပြုသောပစ္စည်းတွေဟာ ယခုထိတောင် လေ့လာနိုင်အောင် ထားရှိပေးထားပါတယ်။ ဒါ့အပြင် စစ်ပွဲတုန်းက ဗုံးပြုလုပ်သော နေရာများ၊ စစ်သား ရုပ်တုများ၊ လာရောက် ကြည့်ရှုသူတွေအတွက် သေနပ်ပစ်ခတ်လို့ ရအောင်လည်း စီစဉ်ပေးထားပါတယ်။

ကူချီ ဥမင်လှိုဏ်ခေါင်း အတွင်းသို့ စိတ်ဝင်စား သူအားလုံး ဝင်ရောက်ကာ လေ့လာနိုင်ပါတယ်။ အသက်ရှုကျပ်တတ်သူတွေ ကတော့ မဝင်တာ မကောင်းဆုံးပါ။ ဝင်လိုက်ပြီ ဆိုတာနဲ့ ၂၀ မီတာဆိုရင် ထွက်ပေါက်တစ်ခု ရှိတယ်။ နောက် (၅၀) မီတာမှာ တစ်ခါ (၇၀) မှာ တစ်ခါ (၁၀၀) မီတာကတော့ နောက်ဆုံး ထွက်ပေါက် ဖြစ်ပါတယ်။

ထိုနေရာ တစ်ဝိုက်မှာကတော့ စစ်ပွဲတုန်းက သုံးခဲ့တဲ့ ထောင်ချောက်တွေရယ် စစ်သုံး ပစ္စည်းတွေရယ်နဲ့ စတာတွေကို အဓိကထား လေ့လာနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါ့အပြင် အင်းအားကြီး အမေရိကန် စစ်တပ်ကို အနိုင် တိုက်နိုင်ခဲ့တဲ့ ကမ္ကာကျော် ကူချီ ဥမင်လှိုဏ်ခေါင်း အဓိကပဲပေါ့။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top