ချမ်းအေးလှတဲ့ဆောင်းရာသီမှာ ကြုံတွေ့လာရနိုင်တဲ့ ကျန်းမာရေးပြဿနာတချို့

4-12-2020-yyl-040.jpg

ချမ်းစိမ့်စိမ့်ကာလမှာ ကျွန်တော်တို့တွေဟာ အအေးမိဖျားနာတာအပါအဝင် ကူးစက်ရောဂါတွေဖြစ်နိုင်ခြေများပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ဆောင်းရာသီက တစ်နည်းနည်းနဲ့တော့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ကျွန်တော်အားလုံး ကျန်းမာရေးအခြေအနေနဲ့ ကြုံတွေ့ရနိုင်တာမဟုတ်ပေမဲ့ ဆောင်းရာသီကာလမှာ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်နဲ့နေပေးသင့်ပါတယ်။ ဆောင်းရာသီမှာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က ဘယ်လိုပြဿနာတွေ ကြုံတွေ့ရနိုင်လဲဆိုတာကို ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ရပါတယ်။

နှုတ်ခမ်းခြောက်မယ်

ချမ်းအေးတဲ့ အအေးပမာဏက သင့်နှုတ်ခမ်းကို ခြောက်သွေ့စေပြီး နှုတ်ခမ်းစိုလာဖို့အတွက် လျှာနဲ့ နှုတ်ခမ်းကို မကြာခဏလျှက်နေမိတတ်ပါတယ်။ ဒါက နှုတ်ခမ်းခြောက်တာကို ယာယီပဲ သက်သာစေနိုင်ပေမဲ့ တကယ်တော့ ဒီအလေ့အကျင့်က သင့်နှုတ်ခမ်းကို အက်ကွဲသွားစေနိုင်ပါတယ်။ တံတွေးက မြန်မြန်ဆန်ဆန်ပဲ ရေငွေ့ပျံသွားတာကြောင့် သင့်နှုတ်ခမ်းကို ခါတိုင်းထက် ပိုခြောက်သွေ့စေပါတယ်။ နူးညံ့တဲ့နှုတ်ခမ်းအတွက် အရမ်းကြမ်းတမ်းတဲ့ အင်ဇိုင်းဓာတ်တွေလည်း ပါဝင်ပါတယ်။

သွားကိုက်မယ်

သင့်သွားက အထိခိုက်မခံနိုင်ဘူးဆိုရင် ဆောင်းတွင်းအရမ်းအေးတဲ့အခါမှာ သွားနာတာ၊ ကိုက်တာတွေဖြစ်လာနိုင်ပါတယ်။ အေးမြတဲ့လေက သွားအတွင်းက အကြောတွေအထိ ရောက်သွားနိုင်ပြီး သွားနာတာကိုက်တာတွေဖြစ်လာရပါတယ်။ ဆောင်းရာသီအအေးဒဏ်ကနေ သင့်သွားကို ကာကွယ်ဖို့နဲ့ နွေးနွေးထွေးထွေးနေဖို့အတွက် အပြင်ထွက်ရင် ပါးစပ်မဟဘဲ နှာခေါင်းနဲ့တင် အသက်ရှုဖို့နဲ့ ပါးစပ်ကို ဖုံးမိအောင် လည်စည်းပုဝါကိုပတ်ဖို့သွားဆရာဝန်တွေက ထောက်ခံထားပါတယ်။

သွေးအတွင်းသကြားဓာတ်များလာမယ်

အေးမြတဲ့ရာသီက သွေးအတွင်းသကြားဓာတ်တွေကို မြှင့်တင်ပေးတဲ့ စိတ်ဖီစီးမှုဟော်မုန်းကို ထုတ်လွှင့်ပေးဖို့ သင့်ခန္ဓာကိုယ်ကို တွန်းအားပေးပါတယ်။ လူတော်တော်များများအတွက် အပူချိန်လျော့နည်းသွားတဲ့အတွက် သွေးအတွင်းသကြားဓာတ်က မြှင့်တက်လာပါတယ်။ အေးတဲ့အခါ ကျွန်တော်တို့တွေက အပြင်ထွက်လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဖို့ ပျင်းကြလို့ပါပဲ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သွေးအတွင်သကြားဓာတ်ကို နည်းသွားစေတာကြောင့် ဆောင်းရာသီမှာ သွေးအတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးဖို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

ကိုယ်အလေးချိန်လျော့နည်းလာနိုင်တယ်

ဆောင်းရာသီမှာ လူတော်တော်များများက ကိုယ်အလေးချိန်များလာတာမှန်တယ်ဆိုရင် အေးတဲ့အခါမှာ ခန္ဓာကိုယ်အတွက် ကယ်လိုရီလောင်ကျွမ်းဖို့လည်း ပိုလွယ်ကူပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က အအေးဓာတ်နဲ့ လိုက်လျောညီထွေအောင် နေတဲ့အခါမှာတော့ အပူတွေထုတ်လွှတ်ပြီး စွမ်းအင်တွေကို နှစ်ဆလောင်ကျွမ်းပါတယ်။ အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက် အပူကို ထုတ်လွှတ်နိုင်ဖို့ ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းနေရတာကြောင့်ပါပဲ။

အရေးကြောင်းတွေပိုများလာနိုင်တယ်

ဆောင်းရာသီအတွင်းမှာ အသားရေက ပိုပြီးပျက်စီးနိုင်ပါတယ်။ ဆောင်းတွင်းကာလအတွင်း လေထဲမှာ စိုထိုင်းမှုပမာဏပဲရှိတဲ့အတွက် အသားရေက ခြောက်သွေ့လာရပါတယ်။ ရေဓာတ်ကို လုံလုံလောက်လောက်မထိန်းနိုင်တဲ့အတွက် ရလဒ်အနေနဲ့ အသားရေခြောက်သွေ့ပြီး အရေးကြောင်းတွေများလာရပါတယ်။

အမြင်အာရုံ ဆိုးရွားလာနိုင်တယ်

ကျွန်တော်တို့မျက်လုံးတွေက နွေရာသီထက် ဆောင်းတွင်းမှာ ပိုအန္တရာယ်များနိုင်ပါတယ်။ ဆောင်းရာသီမှာဆိုရင် နေကာမျက်မှန်ကို ဝတ်ဖို့မေ့တတ်ကြပါတယ်။ နှင်းပွင့်ကနေ ရောင်ပြန်ဟပ်လာတဲ့ နေရောင်ခြည်ကလည်း သင့်မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ ကျွန်တော်တို့မျက်လုံးကို ကာကွယ်ထားတဲ့ ပါးလွှာတဲ့မျက်ရည်လွှာက ခြောက်သွေ့တဲ့လေနဲ့ဆိုရင် အရမ်းအထိခိုက်မခံနိုင်တဲ့အတွက် ခြောက်သွေ့စေပြီး နာကျင်ရပါတယ်။

ရေဓာတ်ကုန်ခန်းမယ်

ဆောင်းရာသီအတွင်း ရေဆာသလိုမခံစားရတဲ့အတွက် ရေလုံလုံလောက်လောက်သောက်ဖို့ မကြာခဏ မေ့တတ်ကြပါတယ်။ ဆောင်းတွင်းမှာ ချွေးထွက်နည်းတဲ့အတွက် ရေသောက်နည်းပြီး ရေဓာတ်လုံလုံလောက်လောက်ရတယ်လို့ ထင်နေကြတာပါ။ ဒါပေမဲ့ ရေမဆာတိုင်း သင့်ခန္ဓာကိုယ်က ရေနည်းနည်းပဲလိုအပ်တယ်လို့ မဆိုလိုပါဘူး။ သင့်ခန္ဓာကိုယ်က တစ်နေ့တာလိုအပ်တဲ့ရေပမာဏကို ဆောင်းတွင်းမှာလည်း သောက်သုံးပေးဖို့ အရေးကြီးပါတယ်။

Ref: 7 Things That Can Happen to Your Body in the Winter

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top