ဖာရိုးကျွန်းစုမှာ ဖွင့်လှစ်မယ့် ကမ္ဘာ့ပထမဆုံး ရေအောက်အဝိုင်းလမ်းဆုံ

7-11-2020-yyl-001.jpg

ဖာရိုးကျွန်းစုမှာ ကျွန်း ၂ ကျွန်းကို ဆက်သွယ်ထားတဲ့ ကမ္ဘာ့ပထမဆုံး ရေအောက် အဝိုင်းလမ်းဆုံကို ဒီဇင်ဘာလ ၁၉ ရက်မှာ ဖွင့်လှစ်တော့မှာပါ။ ကျွန်း ၂ ကျွန်းကို ဆက်သွယ်ထားတဲ့ ရေအောက်ဥမင်လိုဏ်ခေါင်းဟာ ၆.၈ မိုင် ရှည်လျားပြီး ၃ နှစ်ကျော် အချိန်ယူတည်ဆောက်ခဲ့ရတာပါ။ ပုံမှန်အတိုင်းဆိုရင် ကျွန်း ၂ ကျွန်းကြား ကူးသန်းသွားလာဖို့ အချိန် ၁ နာရီ၊ ၁၄ မိနစ် ကြာမြင့်ပေမဲ့ ရေအောက်ဥမင်လိုဏ်ခေါင်း တည်ဆောက်လိုက်လို့ သွားလာချိန် ၁၆ မိနစ်ပဲ ကြာမြင့်တော့မှာပါ။

ရေအောက်ဥမင်လိုဏ်ခေါင်းရဲ့ အနက်ဆုံးနေရာကတော့ ပင်လယ်ရေမျက်နှာပြင်အောက် ၆၁၃ ပေအကွာမှာ တည်ရှိပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်မှာတော့ အရေးပေါ်ဝန်ဆောင်မှုအပါအဝင် စမ်းသပ်မောင်းနှင်မှုတွေ ပြုလုပ်မှာပါ။ ရေအောက်ဥမင်လိုဏ်ခေါင်းကို အသုံးပြုတဲ့ ခရီးသည်တင်ကားတွေကတော့ တစ်ခေါက်ကို ဒိန်းမတ်နိုင်ငံသုံးငွေကြေး ၇၅ ခရိုနာ ပေးရမှာဖြစ်ပြီး ဒေသခံတွေအတွက်တော့ ပိုဈေးသက်သာမှာပါ။ ကျွန်းငယ် ၁၈ ကျွန်း ပါဝင်တဲ့ ဖာရိုးကျွန်းစုဟာ အိုက်စလန်နဲ့ နော်ဝေနိုင်ငံကြား တည်ရှိပြီး ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်ပါတယ်။

Ref: BBC ” Faroe Islands: Inside the under-sea tunnel network”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top