ဒေါသက သင်ရဲ့ကျန်းမာရေးကို ဘယ်လိုဖျက်ဆီးနေသလဲ

angry-man-talking-by-mobile-phone-XFJTN62.jpg

တစ်ခါတစ်ရံဒေါသဟာ လျင်မြန်စွာဖြေရှင်းပြီး ကျန်းမာသောနည်းလမ်းဖြင့် ထုတ်ဖော်ပြောဆိုလျှင်သင့်အတွက် အကျိုးရှိစေနိုင်မှာဖြစ်တယ်။ တကယ်တော့ ဒေါသက လူအချို့အ တွက် ပိုမို ဆင်ခြင်တုံတရားနဲ့ စဥ်းစား နေထိုင်နိုင်အောင် ကူညီပေးပါတယ်။ သို့သော်လည်း ကျန်းမာရေးနဲ့မညီညွတ်တဲ့ အမျက်ဒေါသဖြစ်စဉ်များ ဥပမာ သင့်အနေနဲ့ အဲ့ဒါကို အ ချိန်ကြာကြီး သိမ်းထားလျှင် မထိန်းနိုင်တော့ပဲ သင့်ထံပြန်လှည့်လာနိုင် (သို့) အကြီး အ ကျယ် ပေါက်ကွဲစေနိုင် ပြီး သင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ပါ​​​ဗြောင်းဆန် စေနိုင် တယ်။
သင့်အနေနဲ့ ဒေါသထွက်လွယ်တဲ့ လူတစ်ယောက် (သို့) စိတ်ဆတ်တဲ့ လူ ဆိုရင်တော့ တည်ငြိမ်အောင်လို့ အောက်ပါ အချက်တွေကို သိထားဖို့ လိုမယ်ထင်ပါတယ်။

၁။ ဒေါသပေါက်ကွဲခြင်းကြောင့် နှလုံးကိုအကြီးအကျယ် ထိခိုက်စေနိုင်တယ်။

အကြီးမားဆုံး ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ ဒေါသကြောင့် သင့်ရဲ့ နှလုံးကျန်းမာရေးကို သက်ရောက်မှု ရှိစေတာပဲဖြစ်ပါတယ်။ (၂)နာရီမျှသာထွက်တဲ့ ဒေါသကြောင့် သင့် ​မှာ နှလုံးရောဂါဖြစ်နိုင်​ ​ချေ (၂) ဆထိ ပိုတိုးလာစေတယ်လို့ Wake Forest University School of Medicine က ဒါရိုက်တာ Chris Aiken ကဆိုပါတယ်။

ချုပ်တည်းထားသော ဒေါသ- ဒီလိုဒေါသဖြစ်မှုဟာ အရမ်းထိန်းချုပ်ထား ခြင်းကြောင့်(သို့) သိုသိပ်ထိန်းချုပ်ထားမှု အလွန်အကျွံဖြစ်သွားမှုကြောင့် နှလုံးရောဂါဖြစ်မှုကို တွန်းအား ပေးရာရောက်ပါတယ်။ အမှန်မှာ ေလ့လာမှုတစ်ခု အဆိုအရ အမျက်ဒေါသ ဖြစ်လေ့ဖြစ်တတ်တဲ့ သူများဟာ မဖြစ်စေသော လူများထက် နှလုံးရောဂါဖြစ်ပွားမှု နှစ်ဆပိုများပါတယ်။ ဒေါသမဖြစ်အောင်ကာကွယ်ဖို့မိမိရဲ့ စိတ်ခံစားမှုများကို နားလည်သဘော ပေါက် အောင် လုပ် ဆောင်သင့်ပြီး ထိန်းချုပ်သင့်ပါတယ်။

အပြုသ သောဆောင်သောဒေါသ- “ မိမိနဲ့ဒေါသဖြစ်နေတဲ့ လူများနဲ့ တိုက်ရိုက်စကားပြော ခြင်း၊ ပြဿနာဖြေရှင်းခြင်း (သို့) ပြေလည်အောင် ငြင်းခုံကြတာတွေလုပ်ခြင်းဟာ ပုံမှန်တွေ ပါပဲ။ ဒီလိုဖြစ်တာတွေက တော့ နှလုံးရောဂါ​ဖြစ်ခြင်း နဲ့ မဆိုင်ကြပါဘူး။ ကျန်းမာတဲ့ စိတ်ခံစားမှုကို ပြခြင်းပဲဖြစ်ပါတယ်”လို့ Aiken ကဆိုပါတယ်။

၂။ အမျက်ဒေါသထွက်ခြင်းက လေဖြတ်မှုကိုတွန်းအားပေးစေတယ်။

သင့်အ နေနဲ့ ဖြစ်လာရင် လက်ပါတတ်တဲ့ လူမျိုးဆိုရင်တော့ သတိထားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့လာမှုတစ်ခုအရ ဒေါသပေါက်ကွဲပြီးနောက် (၂)နာရီအတွင်း ဦး နှောက်အတွင်းသွေးခဲခြင်း သို့မဟုတ် ဦး နှောက်အတွင်းသွေးထွက်ခြင်း ဖြစ်နိုင်ခြေသုံး ဆပိုမိုမြင့်မားပြီး အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ နောက်ပြီး ဦးနှောက်၏သွေး လွှတ်ကြောများထဲမှာ အလွန်အမင်းကြီးထွားနေသော သွေးလွှတ်ကြော aneurysm ရှိသောသူများ အ နေနဲ့ ဒေါသ ပေါက်ကွဲခြင်းကြောင့် ထို aneurysm ေပါက်ကွဲခြင်း (၆) ဆပိုမို မြင့်မားသော အန္တရာယ်ရှိ‌ အခြေအနေတွင်ရှိပါတယ်

သတင်းကောင်းတစ်ခုက တော့ သင့်အ နေနဲ့ ထိုသို့သော ဒေါသ ပေါက်ကွဲမှုကို ထိန်းချုပ် နိုင်ပါတယ်။ ထိုဒေါသထိန်းချုပ်မှု လုပ်ဆောင်ဖို့ဆိုရင်သင့်အ နေနဲ့သင့်ကိုဘယ်အရာ တွေက ဒေါသထွက်အောင် လုပ်စေတာလဲဆိုတာ၊ နောက်ပြီး ဒီအရာတွေကို သင့်အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သုံးသပ်ရမှာဖြစ်တယ်လို့ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်ရှိ စိတ်ရောဂါနှင့်စိတ်ပညာ ပါမောက္ခ ဒေါက်တာ မာရီကဆိုပါတယ်။ ဒေါသ ထွက်နေမယ့် အစား အသက်ကိုပြင်းပြင်းရှုခြင်းဖြင့် အစားထိုးပါ။ ပြတ်သားစွာ ပြောဆို ဆက်ဆံမှုများ ပြလုပ်ပါ။ သင့်ဘေးက ပတ်၀န်းကျင်ကိုလည်း အစားထိုးမှုပြုလုပ်နိုင်ပါတယ်။ ဥပမာ ရှောင်သွားတာ၊ မျက်နှာလွဲသွားလိုက်တာတွေ ပြုလုပ်နိုင်ပါတယ် ဟု ဒေါက်တာ မာရီ ကဆက်လက်ဆိုပါတယ်။

၃။ အမျက်ဒေါသထွက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ခုခံအားကို လျှော့နည်းစေတယ်။

သင့်အ နေနဲ့ အမြဲတမ်း ရူးရူးမူးမူး နဲ့ စိတ်မထိန်းနိုင်ဖြစ်နေမယ်ဆိုရင် သင့်ရဲ့ စိတ်နဲ့ ခန္ဓာ ဟာလည်း ကျန်းမာနေနိုင်မှာမဟုတ်ပါဘူး၊ မကြာခဏ ဖျားနာမှုများဖြစ်နိုင်ပါတယ်။ ဟားဗတ်တက္ကသိုလ် သိပ္ပံပညာရှင်များရဲ့ လေ့လာမှုတစ်ခုအရ ကျန်းမာရေးကောင်း တဲ့လူများတောင်အတိတ်က ဖြစ်ပြီးခဲ့တဲ့ အမျက်ဒေါသေတွကို ပြန်လည်စဥ်းစားလိုက်မိရုံနဲ့ ရောဂါပိုးကူးစက်မှုကို ကာကွယ်သည့်ဆဲလ်များ၏ပထမ ဦး ဆုံးသော antibody immunoglobulin A ပမာဏသည်ခြောက်နာရီကျဆင်းသွားသည်။

၄။ ဒေါသက သင့်ရဲ့ စိုးရိမ်မှုကို ပိုဆိုးရွာစေနိုင်တယ်။

အကယ်၍ သင့်အ နေနဲ့ စိုးရိမ်‌ ကြောင့်ကြတတ်သူဆိုလျှင် သိဖို့က ဒေါသထွက်ခြင်းနဲ့ စိုးရိမ်ခြင်းဟာ ဒွန်တွဲ နေ တယ်ဆိုတာ သတိထားရမှာဖြစ်တယ်။ Cognitive Behavior Therapy ဂျာနယ်တွင်ထုတ်ဝေသည့် ၂၀၁၂ ခုနှစ်လေ့လာမှု အရသုတေသီများ က ဒေါသအမျက်အထွက်ခြင်းသည် လူတစ်ဦးရဲ့ နေ့စဥ် ဘ၀ကို ၀င်ရောက်စွက်ဖက်သော စိုးရိမ်မှုများ တစ်နည်းအားဖြင့် ယေဘူယျစိုးရိမ်ပူပန်မှုရောဂါ ကို ပိုမိုဆိုးရွာစေတယ် လို့ဆိုပါတယ်။ ထိုစိုးရိမ်ပူပန်မှုရောဂါရှိသူ အများစုတွင် အမျက်ဒေါသထွက်မှု မြင့်မားတဲ့အပြင် ရန်လိုစိတ် နဲ့ စိတ်တွင်းကိန်းအောင်း ထားတဲ့ ဒေါသများကြောင့်လဲ ပိုမိုစိုးရိမ်ပူပန်မှု မြင့်မားစေပြီး ဆိုးရွားစေနိုင်ပါတယ်။

၅။ ဒေါသသည် စိတ်ကျ ရောဂါနဲ့ ဆက်စပ်နေတယ်။

လေ့လာမှုများစွာသည် အထူးသဖြင့် ယောက်ျားလေးများတွင်စိတ်ကျ ရောဂါနဲ့အမျက် ဒေါသထွက်မှု များသည် ဆက်စပ်မှုရှိကြောင်းလေ့လာခဲ့ပါတယ်။ “စိတ်ကျ ရောဂါ ဖြစ်မှုများတွင် ကိုယ်ထိလက်ရောက်မပြုသော ဒေါသထွက်မှုများကို ပိုမိုတွေ့ရ လေ့ရှိ ပါတယ်။” စိတ်ကျ ရောဂါနဲ့ ဒေါသ များရောနှော နေသူများအတွက် အ ကောင်းဆုံး အကြံဥာဏ် က တော့ မိမိကိုယ်ကို အလုပ်များစေ အောင်လုပ်ဆောင်တာ၊ (သို့)ထိုအ နှောက် ယှက်ဖြစ်စေမည့် အ တွေးများကို ဆက်မ တွေး တော စေခြင်းတို့ဖြစ်တယ် လို ဒါရိုက်တာ Chris Aiken က ပြောပါတယ်။

ဆက်လက်ပြီး သင့်ရဲ့ အာရုံကို လုံး၀ ဖမ်းစားစေတဲ့ အရာများ နဲ့ တက်ကြွလှုပ်ရှား မှုရှိသော လေ့ကျင့်ခန်းများ၊ ဥပမာ စက်ဘီးစီးခြင်း၊ ဂေါက်သီးရိုက်ခြင်း၊ ပန်းထိုးခြင်း၊ စတဲ့ အရာများက သင့်ရဲ့ စိတ်ကို ဒေါသဖြစ်စေခြင်းမှ သက်သာရာ ရစေ (သို့) ကောင်းမွန်တဲ့ ကုထုံးတွေဖြစ်ပါတယ်။ ထိုအရာတွေကို ပြုလုပ်ခြင်းဖြင့် အမျက်ဒေါသ က သင့်ခေါင်းထဲမှာ ၀င်လာဖို့ နေရာမရှိတဲ့ အပြင် သင့်အ နေနဲ့ လက်ရှိကာလကို စွဲစွဲမြဲမြဲ စိတ်၀င်စားစေနိုင်ခြင်းဖြင့် ဒေါသဖြစ်မှုကို ရှောင်လွှဲစေနိုင်ခြင်းဖြစ်တယ်။

၆။ ရန်လိုမှု၊ ရန်လိုစိတ်တွေက သင့်ရဲ့ အဆုတ်ကို ထိခိုင်နာကျင်စေပါတယ်။

ဆေးလိပ်သောက်တဲ့ သူမဟုတ်သော်ငြားလည်း အမြဲတ စေ ရန်လိုနေခြင်း နဲ့ဒေါသထွက်နေတတ်ခြင်းကြောင့် သင့်ရဲ့ အဆုတ်ကို ထိခိုက် စေနိုင်တာကို သိစေချင်ပါတယ်။ ဟားဗတ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ ၈ နှစ်အတွင်းအမျိုးသား အ ယောက် ၆၇၀ ကိုလေ့လာခဲ့ပြီးယင်း တို့ရဲ့ ဒေါသအဆင့်များကို တိုင်းတာ အမှတ်ပေးသောနည်း ကိုသုံး၍ အမျိုးသားများရဲ့ အဆုတ် လုပ်ဆောင်မှု များ ကိုမှတ်တမ်းတင်ခဲ့ပါတယ်။ ဒေါသ အမျက်ထွက်နှုန်းလွန်ကဲတဲ့ အမျိုးသားများတွင် ယင်းတို့ရဲ့ အဆုတ်စွမ်းရည် သိသိသာသာကျဆိုးရွားပြီး အသက်ရှုလမ်းကြောင်း ဆိုင်ရာပြဿနာ များဖြစ်မှုပိုမိုမြင့်မားကြောင်းတွေ့ရှိခဲ့ပါတယ်။ သုတေသီများအ နေနဲ့ အမျက်ဒေါသ နှင့်ဆက် စပ် သောစိတ်ဖိစီးမှု ဟော်မုန်းများ တိုးပွားလာခြင်းဟာ အသက်ရှုလမ်းကြောင်းများ၌ ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေ ကြောင်းကောက်ချက်ချခဲ့ပါတယ်။

၇။ ဒေါသထွက်ခြင်းက လူ့အသက်တိုစေနိုင်တယ်။

ပျော်ပျော်နေတတ်တဲ့သူတွေက တကယ်ပဲ အသက်ရှည်နိုင်သလား လို့မေး ရမလို ပါ…။ ယေဘုယျအားဖြင့် စိတ်ဖိစီးမှုသည် အ ထွေ ထွေ ရောဂါများနဲ့ ဆက်စပ်မှုရှိနေ ပါတယ်။ “သင့်အ နေနဲ့ စိတ်ဖိစီးပြီး ဒေါသထွက်တတ်ရင် သင့်ရဲ့သက်တမ်းကိုတိုစေ လိမ့်မယ်” လို့ ပါမောက္ခ ဒေါက်တာ မာရီက ဆက်ပြောပါတယ်။ ၁၇ နှစ်တာကာလ အတွင်းမီချီဂန်တက္ကသိုလ်မှပြုလုပ်သောလေ့လာမှုတစ်ခုအရ ဖြစ်လိုက်ရင် ဒေါသ ပေါက်ကွဲ တတ် လေ့ရှိတဲ့ချစ်သူ စုံတွဲများများဟာ စိတ်တိုကြောင်း အလွယ်တကူ ပွင့်ပွင့်လင်းလင်း ဖွင့် ပြောတတ်သော ချစ်သူ စုံတွဲများ ထက် သက်တမ်း တိုကြောင်းတွေ့ ရှိခဲ့တယ်။

သင့်အ နေနဲ့အပျက်သ ဘောဆောင်တဲ့ ဒေါသ ပေါက်ကွဲမှုတွေ ထွက်လာတဲ့အခါ သက်သောင့်သက်သာ မရှိတဲ့လူဆိုရင် ကုထုံးဆရာ နဲ့ ကုသင့် (သို့) မိမိကိုယ်တိုင် ပိုမိုပွင့်လင်းစွာဖော်ပြတတ်လာဖို့ လေ့ကျင့်ပေးသင့်ပါတယ်။ တကယ်တော့ ဒေါသကို ကောင်းမွန်သင့်လျှော်စွာ ထုတ်ဖော်ပြသတတ်ရင် ဒေါသကို ကောင်းကောင်း အသုံးချ တတ်ခြင်း ပါပဲ” လို့ ဒေါက်တာ မာရီက ကဆက်ပြောပါတယ်။ “တစ်စုံတစ်ယောက်က သင်ရဲ့ အခွင့်အ ရေးတွေကိုထိပါးလာခဲ့ရင် ထိုသူတို့ကို ပြောပြပါ။ သင့်အ နေနဲ့ ကိုယ်မကြိုက်တဲ့ဟာတွေ၊ ဘာတွေက ကိုယ့်ကို စိတ်တိုစေတာလဲ စတဲ့ အရာတွေကို ထိုသူတို့ နဲ့ တိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြောပါ” လို့ သူမက ဆက်ပြောပါတယ်။

ဒါဆိုသင့်အ နေနဲ့ အထက်ပါ အချက် (၇) ချက်ကိုဖတ်ရှု့ပြီး ကိုယ်က စိတ်မြန်တဲ့သူ၊ ဒေါသထွက်လွယ်တဲ့ သူဆိုရင် ဘယ်လိုမျိုးဆင်ခြင်ရမလဲဆိုတာ နားလည်သေဘာပေါက်ပြီးထင်ပါတယ်။ တကယ်ေတာ့ အသက်ရှည်နေထိုင်နိုင်ဖို့ဆိုရင် ကိုယ်ရောစိတ်ပါ ကျန်းမာမှ အကျိုးရှိစေနိုင်ပါတယ်။ အားလုံး ဒေါသ၊ မောဟ တွေကင်းပြီး ကျန်းမာပြီး သာယာတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ။

Ref: 7 Ways Anger Is Ruining Your Health

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top