လုပ်မိနေတဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အလေ့အထအမှားများ

24-3-2020-yyl-001.jpg

ကျွန်တော်တို့တွေ ကျန်းမာဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာစည်းမျဉ်းတွေကို လိုက်နာသင့်ရုံသာမက သေချာပေါက်လည်း လုပ်ဆောင်ကြည့်သင့်ပါတယ်။ တစ်ချို့လူတွေက သူတို့ရဲ့ဘဝတစ်လျှောက်မှာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ပတ်သက်ပြီး မှားယွင်းစွာ လုပ်မိနေတဲ့အရာတွေကို သိသွားမယ်ဆိုရင် အံ့သြကောင်းအံ့သြ သွားနိုင်ပါတယ်။ သာမန်လူတစ်ယောက်က တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာစည်းမျဉ်းတွေကို ဘယ်လိုလိုက်နာရမလဲဆိုတာကို လေ့လာထားသလို အဖြစ်များဆုံးအလေ့အထအမှားတွေကိုလည်း ဒီဆောင်းပါးမှာ ထုတ်ပြောပြထားပါတယ်။

ခဏခဏ ရေချိုးတာ

ခဏခဏ ရေချိုးတာက တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အမှားဖြစ်တယ်လို့ ပြောမယ်ဆိုရင် ထူးဆန်းမယ်ထင်ပါတယ်။ Columbia University က ကူးစက်ရောဂါကု ကျွမ်းကျင်ပညာရှင်တွေက ရေချိုးတာများမယ်ဆိုရင် သင့်အသားရေကို ခြောက်သွေ့ကွဲအက်စေပြီး ကွဲအက်မှုကနေ ပိုးမွှားတွေက ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ တစ်နေ့ကို တစ်ကြိမ်ထက်ပိုပြီး ရေမချိုးဖို့ ထောက်ခံပေးထားပါတယ်။

သန့်စင်ခန်းမသွားခင် လက်မဆေးတာ

ကျွန်တော်တို့တွေက ရောဂါပိုးမွှားတွေကို သန့်စင်ခန်းမှာတင်မဟုတ်ဘဲ အိမ်ထဲမှာလည်း တွေ့နိုင်ပါတယ်။ သင်က လက်မဆေးထားတာ ကြာပြီးဆိုရင် ဘတ်တီးယားပိုးမွှားတွေကလည်း သေချာပေါက် သင့်လက်မှာ ရှိနေမှာပဲ။ သန့်စင်ခန်းသွားတဲ့အခါ အဓိကနေရာတွေကို ပိုးမွှားတွေနဲ့ ထိမိရင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သန့်စင်ခန်းမသွားခင်ရော သန့်စင်ခန်းသွားပြီးရင်ရော လက်ကို သေချာ ဆေးကြောပေးသင့်ပါတယ်။

လက်ချောင်းတွေနဲ့ ရေဆွဲချခလုတ်ကို နှိပ်တာ

သန့်စင်ခန်းက သေချာပေါက် ညစ်ပတ်ဆုံးနေရာတစ်ခုပါ။ ရေဆွဲချအပြီး (၉၀) မိနစ်ကြာတာတောင် ဘတ်တီးရီးယားနဲ့ ရေစက်များစွာက ရှိနေဦးမှာပါ။ ဒါကြောင့် ရေဆွဲချတဲ့အခါ သင့်လက်ချောင်းတွေကို အသုံးမပြုဘဲ လက်ဆစ်နဲ့ ရေဆွဲချခလုတ်ကို နှိပ်ပေးပါ။ ဒါက သင့်ကို အများကြီးအကူအညီဖြစ်စေမှာပါ။ လက်မဆေးရသေးခင် ဘယ်အရာကိုမှ မထိပါနဲ့။

ခေါင်းအုံးတစ်ခုတည်းနဲ့ အချိန်အကြာကြီး အိပ်စက်တာ

ခေါင်းအုံးကလည်း မှိုတွေ၊ ဘတ်တီးရီးယားတွေ ပေါက်ဖွားနိုင်တဲ့နေရာတစ်ခုပါပဲ။ လူတစ်ယောက်ရဲ့မျက်နှာပေါ် ဘတ်တီးရီးယားတွေက ရွေ့နိုင်ပြီး အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်ကို အပတ်တိုင်း လျှော်ဖွတ်ပြီး လဲလှယ်ပေးသင့်ပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူတူအိပ်တာ

ညအိပ်စက်တဲ့အခါမှာတောင် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာစည်းမျဉ်းတွေကို လိုက်နာရပါမယ်။ အိမ်မွေးတိရစ္ဆာန်တွေကို ကုတင်တစ်ခုတည်းမှာ သင့်နဲ့အတူ မအိပ်စက်သင့်ပါဘူး။ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အမွေးမှာ ဘတ်တီးရီးယားတွေရှိပါတယ်။ အဲဒီဘတ်တီးရီးယားတွေက သင့်ကို အသက်သေစေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဆပ်ပြာခဲနဲ့မျက်နှာသစ်တာ

တချို့လူတွေက မျက်နှာကို ဆပ်ပြာခဲနဲ့ တစ်နေ့နှစ်ကြိမ် သစ်ကြပါတယ်။ ဆပ်ပြာခဲနဲ့ မျက်နှာသစ်တာက ဝက်ခြံပေါက်တာ၊ ဆားဝက်ခြံပေါက်တာတွေဖြစ်လာနိုင်ပါတယ်။ နဂိုကတည်းက ဆပ်ပြာခဲက မျက်နှာအတွက် ထုတ်ထားတာမဟုတ်ပါဘူး။ ဆပ်ပြာခဲကို အသုံးပြုတဲ့အခါ သင့်အသားရေရဲ့ pH ပမာဏကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

Ref: 6 Hygiene Mistakes It’s High Time We Stopped Making

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top