မြန်မာငွေသိန်း ၄၀ တန် Foldable 5G ဖုန်းကို Huawei မိတ်ဆက်ပြီ

53250685_2055457257906027_1430895146668392448_o.jpg

Screen ကိုကွေးခေါက်ထားလို့ရပြီး ကမ္ဘာ့အမြန်ဆုံး 5G ကွန်ရက်ကိုအသုံးပြုနိုင်မယ့် Huawei ဖုန်းမော်ဒယ်သစ် Mate X ကို ဒီနေ့မိတ်ဆက်လိုက်ပါတယ်။ ကွေးညွှတ်လို့ရတဲ့ ၈ လက်မအရွယ် OLED Display ကိုတပ်ဆင်ထားပြီး ယင်း Display ကို ကွေးခေါက်ထားချိန်မှာတော့ ရှေ့မျက်နာပြင်မှာ 6.6 လက်မအရွယ် Screen ၊ နောက်ကျောဘက်ခြမ်းမှာ 6.38 လက်မအရွယ် Screen ၊ စုစုပေါင်း ရှေ့/နောက် Display ၂ ခုပါဝင်တဲ့ စမတ်ဖုန်းပုံစံအနေနဲ့အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းကိုဖြန့်လိုက်မယ်ဆိုရင်တော့ ရှေ့/နောက် Screen ၂ ချပ်အနေအထားကနေ တပြန့်တည်းဖြစ်သွားပြီး 8 လက်မ Tablet အရွယ် Display အနေနဲ့အသုံးပြုနိုင်မှာပါ။ RAM 8GB, Internal Storage 512GB နဲ့ဖြစ်ပြီး Kirin 980 Chipset ကိုအသုံးပြုထားပါတယ်။ ကင်မရာအနေနဲ့ Leica Camera တွေကိုတပ်ဆင်ပေးထားပါတယ်။

ဖုန်းရဲ့ညာဘက်ဘေးခြမ်းမှာ Power Button ကိုထည့်သွင်းပေးထားပြီး Fingerprint Sensor ကိုလည်း ယင်း Power Button ထဲမှာပဲထည့်သွင်းပေးထားတာပါ။ 4500 mAh battery ကိုတပ်ဆင်ထားပြီး အမြန်အားသွင်းစနစ်အနေနဲ့ Huawei SuperCharge 55W feature ပါဝင်တာကြောင့် မိနစ် ၃၀ အတွင်း ၈၅ ရာခိုင်နှုန်းထိရောက်အောင် အမြန်အားသွင်းနိုင်ပါတယ်။ Mate X စမတ်ဖုန်းမှာ 5G Network အသုံးပြုနိုင်ဖို့ Huawei ရဲ့ကိုယ်ပိုင် 5G Modem ဖြစ်တဲ့ Balong 5000 5G modem ကိုထည့်သွင်းတပ်ဆင်ထားတာပါ။ Mate X စမတ်ဖုန်းကို ဒေါ်လာ ၂၆၀၀ နဲ့ရောင်းချသွားမှာဖြစ်ပြီး ၂၀၁၉ နှစ်လယ်လောက်မှာစတင်ရောင်းချသွားမယ်လို့သိရပါတယ်။

Credit: သက်နိုင်စိုး (Myanmar Mobile App)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top