ဝါးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့ယာဉ်

bamboo.jpg

ပုံမှာ မြင်ရတဲ့ ဒရုန်းကတော့ တရုတ်နိုင်ငံက ဝါးကို အခြေခံပြီး တောင်ပံတွေတပ်ဆင်ကာ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့ယာဉ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း တရုတ်နိုင်ငံမြောက်ပိုင်း တိန့်အန်ကျင်းမြို့မှာ စမ်းသပ်မောင်းနှင်ခဲ့ပြီး အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဝါးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဒရုန်းတောင်ပံတွေဟာ ကာဗွန်ဖိုက်ဘာ တောင်ပံတွေနဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါးပြီး ကုန်ကျစရိတ် ၄ ပုံ၊ ၃ ပုံလောက်အထိ သက်သာစေတယ်လို့ တရုတ်သုတေသီတွေက ဆိုပါတယ်။

ဝါးကို အခြေခံထုတ်လုပ်ထားတဲ့ မောင်းသူမဲ့ယာဉ် (UAV)ဟာ တစ်နာရီကို ကီလိုမီတာ ၁၀၀ ကျော်အထိ ပျံသန်းနိုင်စွမ်းရှိပြီး ပျံသန်းချိန် ၁ နာရီကျော်အထိ ခံနိုင်ရည်စွမ်းရှိတယ်လို့ ဆိုပါတယ်။

Ref: 75% cost-cut: China unveils world’s first fixed-wing drone made of bamboo fibre

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top