ရုရှားစစ်သင်္ဘောကို ရဲရဲဝံ့ဝံ့တုံ့ပြန်ခဲ့တဲ့ မြွေကျွန်းပေါ်က ယူကရိန်းစစ်သည် သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရ

30-2-2022-yyl17.jpg

ရုရှားစစ်သင်္ဘောကို ရဲဝံ့ပြတ်သားစွာ တုံ့ပြန်ခဲ့တဲ့ ယူကရိန်းစစ်သည်ဟာ သူရဲကောင်းဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ် စတင်တဲ့နေ့မှာ ယူကရိန်းနိုင်ငံပိုင် မြွေကျွန်းအနီးကို ရုရှားစစ်သင်္ဘောတစ်စင်း ချဉ်းကပ်လာခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့ကို လက်နက်ချ အညံ့ခံဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

” ရုရှားစစ်သင်္ဘောကနေ ပြောနေပါတယ်။ သွေးထွက်သံယိုမဖြစ်ချင်ရင်၊ မလိုအပ်ဘဲ အသက်မသေစေချင်ရင် လက်နက်ချ အညံ့ခံလိုက်ပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဗုံးကြဲရလိမ့်မယ်”လို့ အသံမှတ်တမ်းထဲမှာ ကြားရပါတယ်။ အဲဒီနောက်မှာ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရိုမန်ဟရီဘော့ဗ်က ” ကိုယ့်ဟာကိုယ် ပြန်လုပ်နေလိုက်ကြ ” လို့ တုံ့ပြန်ခဲ့တာပါ။

အစောပိုင်းမှာ ရိုမန်ဟရီဘော့ဗ်အပါအဝင် မြွေကျွန်းကို ကာကွယ်နေတဲ့ ယူကရိန်းစစ်သည် ၁၃ ယောက်လုံး အသတ်ခံခဲ့ရပြီလို့ ထင်မှတ်ခဲ့ကြပေမဲ့ ရက်ပိုင်းအကြာမှာတော့ သူတို့တွေ အသက်မသေခဲ့ဘဲ ဖမ်းဆီးခံခဲ့ရမှန်း သိခဲ့ကြတာပါ။ အခုလအစောပိုင်းမှာတော့ သူတို့တွေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ရိုမန်ဟရီဘော့ဗ်ကလည်း ယူကရိန်းနိုင်ငံအလယ်ပိုင်း ချာကစီမြို့က နေအိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။

ရိုမန်ဟရီဘော့ဗ်ဟာ ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်ရာမှာ အဓိကပြယုဂ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အခုအခါမှာတော့ ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သူ့ကို သူရဲကောင်းဆုတံဆိပ်ချီးမြှင့်ခဲ့တာပါ။

Ref: Skynews “Ukrainian soldier who told Russian warship to ‘go f*** yourself’ from Snake Island gets bravery award”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top