ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖော်ထုတ်နိုင်ဖို့အတွက် ယွမ် သန်း(၁၀၀) လှူဒါန်းခဲ့တဲ့ ဂျက်မား

yyl-031-16.jpg

လက်ရှိအချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်က နိုင်ငံအနှံ့အပြားမှာ ပျံ့နှံ့နေပြီး သေဆုံးသူဦးရေနဲ့ ကူးစက်ခံရသူဦးရေတွေဟာ မြင့်တတ်လျက်ရှိပါတယ်။ သုတေသနပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့အတွက် တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးအမျိုးသား ဂျက်မားက ယွမ် သန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီဂျစ်တယ်စီးပွားရေးကုမ္ပဏီ အလီဘာဘာထည်ထောင်သူ ဂျက်မားက သူ့ရဲ့ဖောင်ဒေးရှင်းပေ့ချ်ကနေ ဒီလှူဒါန်းမှုကို ကြေညာခဲ့တာပါ။ ကြေညာချက်မှာ လှူဒါန်းငွေတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့အတွက် အသုံးပြုသွားမှာဖြစ်ပြီး ယွမ် သန်း (၂၀) က ဗိုင်းရပ်စ်ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့ လက်ရှိသုတေသနပြုလုပ်နေတဲ့ Chinese Academy of Sciences နဲ့ Chinese Academy of Engineering တွေမှာ အသုံးပြုမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

“ကျန်ရှိနေတဲ့ရန်ပုံငွေတွေကို ပူပေါင်းလုပ်ဆောင်ကြမယ့် ပြည်တွင်း၊ ပြည်ပက ထိပ်တန်းသုတေသန အဖွဲ့အစည်းတွေနဲ့ သုတေသနပညာရှင်တွေကို ထောက်ပံ့ကူညီဖို့အတွက် အသုံးပြုသွားမှာပါ” လို့ ဖောင်ဒေးရှင်းက ရေးသားခဲ့ပါတယ်။ ဝူဟန်မြို့နဲ့ ဟူပိုင်ပြည်နယ်က ဆေးရုံအတွက် လိုအပ်တဲ့ဆေးဝါးတွေကို ဝယ်ယူဖို့ရာ ယွမ် (၁) ဘီလျံကို အလီဘာဘာကုမ္ပဏီက လှူဒါန်းခဲ့ပြီးရက်အနည်းငယ်အကြာမှာ ဒီလှူဒါန်းမှုကြီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့အတွက် သုတေသနပညာရှင်တွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ ပြည်သူတွေက ကြိုးစားဆောင်ရွက်နေကြပါတယ်။ ဝူဟန်မြို့နဲ့ အခြားပြည်နယ်တွေမှလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသပေးမယ့် ဆေးရုံတွေကိုလည်း မြန်မြန်ဆန်ဆန် ဆောက်လုပ်နေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အသစ်ကို လူ (၁၀၀,၀၀၀) ဝန်းကျင်ကူးစက်ခံရနိုင်တယ်လို့ Imperial College London က သုတေသနပညာရှင်တွေက ခန့်မှန်းပြောဆိုထားပါတယ်။

Ref: China’s Richest Man Jack Ma Donates £11 Million To Help Develop Coronavirus Vaccine

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top