တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်က ဖွင့်လှစ်ခါစ Hongqi တံတားရဲ့တစ်စိတ်တစ်ပိုင်းဟာ တောင်စောင်းရှိ အခြေအနေတွေ ပိုမိုဆိုးရွားလာပြီး မြေပြိုမှုဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြိုကျသွားခဲ့ပါတယ်။ ၇၅၈ မီတာရှိတဲ့ တံတားပြိုကျမှုက များပြားလှတဲ့ ဖုန်မှုန့်ထူကြီး ဖုံးလွှမ်းသွားစေခဲ့ပါတယ်။
ရွှမ်းကျန်းကိုး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ၁၇၂ မီတာရှည်တဲ့ တံတားလည်း ပြိုကျသွားခဲ့တယ်လို့ အာဘာတိဘက်နဲ့ ချန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုက အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ Hongqi တံတားက ရွှမ်းကျန်းကိုး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ မဝေးတဲ့ နေရာမှာ တည်ရှိတာပါ။
ပြိုကျမှုမဖြစ်ခင် နိုဝင်ဘာ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေက အနီးနားရှိ တောင်စောင်းတွေနဲ့ လမ်းတွေမှာ အက်ကွဲကြောင်းတွေပေါ်လာပြီးနောက် တံတားကို ပိတ်ထားပြီးသားဖြစ်ပါတယ်။ နောက်ပိုင်းအခြေအနေတွေက ပိုမိုဆိုးရွားလာခဲ့တာပါ။ တံတားပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူမရှိပါဘူး။
အဲ့ဒီတံတားက နိုင်ငံရဲ့အဓိကဒေသဖြစ်တဲ့ တိဘက်နဲ့ဆက်သွယ်ထားတဲ့ အမျိုးသားအဝေးပြေးလမ်းမကြီးတစ်လျှောက်မှာ ရှိတာပါ။ တံတားဆောက်လုပ်တာက ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ပြီးစီးခဲ့တာပါ။ တံတားဖွင့်လှစ်ခဲ့တာကတော့ စက်တင်ဘာ ၂၈ ရက်နေ့ကဖြစ်တယ်လို့ သိရပါတယ်။
Ref: 758m-long newly opened bridge in China collapses
WL ( ရိုးရာလေး)

