လူကောင်ညှက်လို့ အနိုင်ကျင့်ခံရတဲ့ကောင်လေး ဟောလိဝုဒ်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရပြီ

23-8-2022-yyl38.jpg

လူကောင်ညက်လို့ အတန်းဖော်တွေရဲ့ အနိုင်ကျင့်ခံခဲ့ရတဲ့ သြစတြေးလျကလေးငယ် ကွာဒင်ဘေးလက်စ်ဟာ အခုအခါမှာတော့ ဟောလိဝုဒ်ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ပါပြီ။ ကျောင်းမှာ အတန်းဖော်တွေ အနိုင်ကျင့်တဲ့အကြောင်း ငိုယိုပြီး ပြောနေတဲ့ ကွာဒင်ဘေးလက်စ်ရဲ့ ဗီဒီယိုကို သူ့အမေက လူမှုကွန်ရက်ပေါ် တင်လိုက်လို့ ဒီအကြောင်း ပျံ့နှံ့သွားခဲ့တာပါ။

” အနိုင်ကျင့် လှောင်ပြောင်ခံရရင် ဥပေက္ခာပြုထားဖို့ သားလေးကို ကျွန်မ ပြောနေကျပါ။ ဒါပေမဲ့ ဥပေက္ခာပြုမှုက ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး။ ဒီပြဿနာကို ဒဲ့ဖြေရှင်းဖို့ လိုပြီ။ ဒါကြောင့်လည်း Live လွှင့်တာပါ။ အနိုင်ကျင့်ခံရတိုင်း Live လွှင့်ပြီး ဒီအကြောင်းကို လူတွေ သိလာအောင် လုပ်မယ်။ တခြားမိသားစုတွေ ကျွန်မတို့လို မခံစားရစေဖို့ပဲ။ အနိုင်ကျင့်မှုတွေကြောင့် အပြစ်မဲ့တဲ့လူငယ်တစ်ယောက်ရဲ့အသက် မဆုံးရှုံးရစေဖို့ မျှော်လင့်ပါတယ်”လို့ အဲဒီဗီဒီယိုမှာ ကွာဒင်ဘေးလက်စ်ရဲ့မိခင်က ပြောခဲ့ပါတယ်။

အခုအခါမှာတော့ နာမည်ကျော် ဒါရိုက်တာ ဂျော့မီလာက Mad Max: Furiosa ဇာတ်ကားမှာ ကွာဒင်ဘေးလက်စ်ကို ပါဝင်သရုပ်ဆောင်ခွင့် ပေးခဲ့တာပါ။ ဒါ့အပြင် အစ်ဒရစ်အယ်ဘာ၊ တီလ်ဒါဆွင်ဒန်တို့လို နာမည်ကျော်တွေ ပါဝင်တဲ့ Three Thousand Years of Longing ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့လည်း ဂျော့မီလာက ကွာဒင်ဘေးလက်စ်ကို ရွေးချယ်ထားပြီးပါပြီ။

Ref: Aussie boy who went viral for bullying video scores role in a massive Hollywood movie

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top