ရိုးတွင်းခြင်ဆီလှူဒါန်းပေးပြီးတဲ့နောက် သေဆုံးသွားခဲ့ရတဲ့ အထက်တန်းကျောင်းအုပ်

hh1.png

နယူးဂျာစီအထက်တန်းကျောင်းအုပ်တစ်ယောက်ဟာ ပြင်သစ်နိုင်ငံက (၁၄) နှစ်အရွယ်ကောင်လေးတစ်ယောက်ကို ရိုးတွင်းခြင်ဆီ လှူဒါန်းပေးပြီးနောက် ကိုမာဖြစ်သွားရင်းနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။ ကျောင်းအုပ်ရဲ့မိသားစုဝင်တွေက သူဟာ အစားထိုးလှူဒါန်းမှုကို ဖေဖော်ဝါရီလက ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် (၄၄) နှစ်အရွယ် ကျောင်းအုပ် ဒဲရစ် နယ်လ်ဆန် (Derrick Nelson) က သူသေဆုံးသွားခဲ့သည့်တိုင်အောင် စကားမပြောနိုင်၊ လှုပ်လည်းမလှုပ်နိုင်တော့တဲ့ အခြေအနေရောက်သွားခဲ့ပါတယ်။ နယ်လ်ဆန်ရဲ့ဖခင်ကတော့ သူ့ရဲ့သား အခုလိုဖြစ်သွားတာ နားမလည်နိုင်ဘူးလို့ ဆိုပါတယ်။

ရိုးတွင်းခြင်ဆီလှူဒါန်းမှုက ပုံမှန်အားဖြင့် အသက်အန္တရာယ်အရမ်းစိတ်ချရပါတယ်။ ခြင်ဆီလှူဒါန်းသူတွေ (၉၉) ရာခိုင်နှုန်းနီးပါးက ရက်တပတ်အနည်းငယ်အတွင်းမှာ လုံးဝပြန်လည်ကောင်းမွန်လာကြပါတယ်။ လှူဒါန်းသူ (၂.၄) ရာခိုင်နှုန်းခန့်ကသာ ထုံဆေး (သို့) အရိုး၊ အာရုံကြောတွေပျက်စီးတာ၊ တင်ပါးမှာရှိတဲ့ကြွက်သားတွေပျက်စီးတာတွေကြောင့် ပိုမိုရှုပ်ထွေးမှုတွေနဲ့ ကြုံရတာဖြစ်တယ်လို့ National Marrow Donor Programက ဆိုပါတယ်။

ကျောင်းအုပ် နယ်လ်ဆန်ရဲ့သူငယ်ချင်းတွေက သူ ကူညီဖို့ကြိုးစားနေခဲ့တဲ့ ပြင်သစ်ကောင်လေးကို နယ်လ်ဆန်က သိတောင်မသိခဲ့ပါဘူး။ နယ်လ်ဆန်က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက ကျောင်းအုပ်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး အရင်ကတော့ Westfield Junior High School ကျောင်းရဲ့ဒုကျောင်းအုပ်ဖြစ်ခဲ့ပါတယ်။ သူ့ကို ကိုယ်ကျိုးကိုမငဲ့တဲ့ အကျင့်စရိတ္တကောင်းတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ နယ်လ်ဆန် သေဆုံးသွားခဲ့တာက ကျောင်းရဲ့ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။

နယ်လ်ဆန်ကို ကျောင်းသား/သူတွေက လေးစားကြသလို လူအများရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: CBS News “New Jersey high school principal dies after donating bone marrow to a 14-year-old stranger in France”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top