စိတ်ကျေနပ်စရာ ချစ်တင်းနှီးနှောမှု ပုံမှန်လုပ်ရင် သွေးတိုးရောဂါ သက်သာစေနိုင်

intl-short-002.jpg

စိတ်ကျေနပ်စရာ ချစ်တင်းနှီးနှောမှု ပုံမှန်လုပ်ရင် သွေးတိုးရောဂါ သက်သာစေနိုင်

စိတ်ကျေနပ်စရာ ချစ်တင်းနှီးနှောမှု ပုံမှန်လုပ်တာဟာ သွေးတိုးရောဂါကို ဆေးဝါးတစ်မျိုး မှီဝဲသလိုမျိုး သက်သာစေနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အဲဒီအချက်ကို အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်တက္ကသိုလ်က သုတေသီတွေ တွေ့ရှိခဲ့တာပါ။ သုတေသနလုပ်ရာမှာ ပါဝင်ခဲ့ကြသူတွေဟာ နှလုံးခုန်နှုန်း တိုင်းတာစက်တပ်ပြီး ချစ်တင်းနှီးနှောခဲ့ကြပါတယ်။

အဲဒီနောက်မှာ လိင်မှုကိစ္စ ပြီးမြောက်မှုအပေါ် စိတ်ကျေနပ်မှု ဘယ်လောက်ရှိသလဲဆိုတာ မေးမြန်းခဲ့ကြပါတယ်။ စိတ်ကျေနပ်မှုပမာဏကို ၆၆ ကနေ ၁၀၆ ကြား သတ်မှတ်ထားပြီး ပျမ်းမျှအားဖြင့်တော့ စိတ်ကျေနပ်မှုပမာဏက ၈၇ ရှိခဲ့ကြပါတယ်။ သုတေသနမှာ ပါဝင်သူတွေကို လိင်ကိစ္စပြီးမြောက်ချိန်မှာ သွေးပေါင်ချိန်ကြည့်ခဲ့ပါတယ်။ စမ်းသပ်မှုအစောပိုင်းမှာ ပျမ်းမျှသွေးပေါင်ချိန် 115mmHg ရှိပေမဲ့ လိင်ကိစ္စပြီးမြောက်တဲ့နောက်မှာတော့
၁၃ ရာခိုင်နှုန်း(17mmHg)အထိ ကျဆင်းသွားတာ တွေ့ရပါတယ်။

ချစ်တင်းနှီးနှောချိန်မှာ အချစ်ဟော်မုန်းလို့ လူသိများတဲ့ အောက်ဆီတိုဆင်(oxytocin) ထုတ်လုပ်မှုအားကောင်းလာပြီး အောက်ဆီတိုဆင်ကြောင့် စိတ်ဖိစီးမှု လျော့ကျသွားတာလို့ သုတေသီတွေက ယုံကြည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top