အနည်းဆုံး သေဆုံးသူ ၁၁၀ ရှိခဲ့တဲ့ ဘရာဇီးနိုင်ငံက ဆည်ပြိုကျမှု

intl-short-003.jpg

ဘရာဇီးနိုင်ငံက သံရိုင်းထုတ်လုပ်ရာ မိုင်းတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆည်ပြိုကျမှုကြောင့် သေဆုံးသူ ၁၁၀ အထိ ရှိလာပြီလို့ ဘရာဇီးနိုင်ငံ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဘရူမာဒင်ညိုမြို့မှာရှိတဲ့ Vale ကုမ္ပဏီရဲ့ ဆည်ပြိုကျခဲ့ပြီး အဆိပ်သင့်ရွှံ့စေးတွေက ကုမ္ပဏီရဲ့ သက်သာချောင်ချိရေးဆိုင်နဲ့ လူနေအဆောက်အအုံတွေကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

Vale ကုမ္ပဏီဟာ သံရိုင်းနဲ့ နီကယ်သတ္တုထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အခုအချိန်ထိ လူ ၂၅၉ ဦး ပျောက်ဆုံးနေဆဲပါ။ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမဲ့ အသက်ရှင်လျက် ကယ်တင်နိုင်ဖို့ ရာခိုင်နှုန်းတော်တော်နည်းနေပြီလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဘရာဇီးရဲတပ်ဖွဲ့က လူငါးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

Vale ကုမ္ပဏီဟာ ပြိုကျခဲ့တဲ့ဆည်နဲ့ အလားသဏ္ဍာန်တူတဲ့ ဆည်တွေကို ပိတ်ပစ်ဖို့ စီစဉ်နေပြီး လာမယ့် ၃ နှစ်အတွင်း သံရိုင်းထုတ်လုပ်မှုကို ၁၀ ရာခိုင်နှုန်းလျှော့ချသွားဖို့ စီစဉ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။ ဆည်ပြိုကျမှုဖြစ်ပွားပြီးနောက် ထိုးကျခဲ့တဲ့ Vale ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးကလည်း အဲဒီသတင်းကြောင့် ၇ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top