ခွဲမရအောင်တူတဲ့သူတွေ့လို့ ဓားပြမှုနဲ့ ထောင်ထဲမှာ ၁၇ နှစ် နေခဲ့ရသူ ပြန်လည်လွတ်မြောက်လာ

bs05cukxlwjf569zwx2m.png

ဓားပြမှုနဲ့ ထောင်ထဲမှာ ၁၇ နှစ်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူတစ်ဦးဟာ သူနဲ့ ချွတ်စွပ်တူတဲ့ လူတစ်ယောက်ရှိတယ်လို့ ပြသနိုင်ခဲ့ပြီးနောက်မှာ ထောင်က ပြန်လွတ်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်မှာနေတဲ့ ရစ်ချက်အန်သိုနီဂျုံးစ်ဟာ ၁၉၉၉ ခုနှစ်က ဓားပြမှုနဲ့ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဂျုံးစ်က အဲဒီဓားပြမှုကို သူ ကျူးလွန်ခဲ့တာမဟုတ်ဘူးလို့ ထပ်ဖန်တလဲလဲ အယူခံဝင်ခဲ့ပေမယ့် သူ့ရဲ့ အယူခံတွေ ပယ်ချခံခဲ့ရပါတယ်။

ရုပ်ချင်းဆင်သူ(ဘယ်ဘက်) နှင့် အန်သိုနီဂျုံးစ် (ညာဘက်)

ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာတော့ ဂျုံးစ်ဟာ သူနဲ့ ခွဲမရအောင်တူတဲ့ ရစ်ကီဆိုသူအကြောင်း သိခဲ့ပြီးနောက် စီရင်ချက် မှားယွင်းချမှတ်ခံရတဲ့ အကျဉ်းသားတွေကို ကူညီပေးနေတဲ့ Midwest Innocence Project အဖွဲ့ကို ဒီအကြောင်း ပြောခဲ့ပါတယ်။

ရစ်ကီကို လိုက်ရှာခဲ့သူတွေကတော့ ရစ်ကီဟာ ဂျုံးစ်နဲ့ ချွတ်စွပ်တူယုံသာမကဘဲ ဓားပြမှုဖြစ်ပွားခဲ့တဲ့ ကန်းဆက်စီးတီးမြို့အနီးမှာ နေတယ်ဆိုတဲ့အချက်ကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဂျုံးစ်ရဲ့ ရှေ့နေအဖွဲ့ကတော့ လွန်ခဲ့တဲ့ ၁၇ နှစ်က ရဲတပ်ဖွဲ့ရဲ့ လူတူ ခွဲခြားမှု လုပ်ထုံးလုပ်နည်းတွေဟာ အမှားအယွင်းများတယ်လို့ ဆိုကြပြီး ရစ်ကီနဲ့ ဂျုံးစ်က ခွဲမရအောင်တူတဲ့အတွက် အံ့အားသင့်ရတယ်လို့ ဆိုပါတယ်။

ဂျုံးစ်ကို စီရင်ချက်ချတုန်းက ဓားပြမှု ကျူးလွန်ရာမှာ ကျန်ရစ်တဲ့ လက်စလက်န၊ DNA နဲ့ လက်ဗွေရာ အထောက်အထားတွေကို အဓိကမထားဘဲ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်ပေါ် အဓိကထားပြီးဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ အခုအချိန်အထိတော့ ရစ်ကီကိုရာဇဝတ်မှုနဲ့ အမှုဖွင့်တာမျိုး မရှိသေးပါဘူး။

ထောင်မှ လွတ်မြောက်လာတဲ့ ရစ်ချက်

Ref: BBC news; Kansas City prisoner ‘blessed’ to be free after lookalike found

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply