ဒေါ်လာ ၂ သန်း ကုန်ကျစေခဲ့တဲ့ ပြက်လုံးတစ်ခု

18.5.2023-yyl-1.jpg

တရုတ်စစ်တပ်ကို ဖော်ကျူးတဲ့ ဆောင်ပုဒ်ကို ထေ့ငေါ့ခဲ့တဲ့ တရုတ်လူရွှင်တော် လီဟောင်ရှီရဲ့ ပြက်လုံးဟာ ဒေါ်လာ ၂ သန်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့အားလပ်ရက်က ဘေဂျင်းမြို့ ရာစုနှစ်ဇာတ်ရုံမှာ လီဟောင်ရှီက ဟာသရှိုး ကျင်းပရင်း ဒီပြက်လုံးကို ပြောခဲ့တာပါ။

” ရှန်ဟိုင်းကို ပြောင်းလာပြီးနောက်ပိုင်း လမ်းဘေးခွေးနှစ်ကောင် မွေးဖြစ်ခဲ့တယ်။ တစ်နေ့ ရှဉ့်တစ်ကောင်ကို သူတို့ လိုက်နေတာမြင်တော့ ကျွန်တော် စကားစုတစ်ခု သွားသတိရတယ်ဗျ။ ‘ သေသပ်တဲ့ဆောင်ရွက်ချက်နဲ့ တိုက်ပွဲတွေကို အနိုင်ယူနိုင်စွမ်း’ဆိုတဲ့ စကားစုပါပဲ” လို့ လီဟောင်ရှီက ပြောခဲ့တာပါ။ အဲဒီစကားစုဟာ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကို ဖော်ကျူးတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။

အဲဒီပြက်လုံးကြောင့် လီဟောင်ရှီကို ကိုယ်စားပြုတဲ့ ရှန်ဟိုင်းရှောင်ကွာ Culture Media က တောင်းပန်စာထုတ်ခဲ့ပြီး လီဟောင်ရှီရဲ့ ဖျော်ဖြေပွဲအားလုံးကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ ဘေဂျင်းမြို့ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ မြူနီစီပယ်ဗျူရိုက ဒေါ်လာ ၁.၉၁ သန်း ဒဏ်ရိုက်ခဲ့ပြီး တရားမဝင် အမြတ်ငွေ (ရှိုးပွဲ ၂ ပွဲမှ ရရှိခဲ့သော အမြတ်ငွေ) ဒေါ်လာ ၁၈၉၀၀၀ ကို ပြန်သိမ်းခဲ့ပါတယ်။

ဒါဟာ တရုတ်နိုင်ငံရဲ့ ဖျော်ဖြေရေးလုပ်ငန်းမှာ ကန့်သတ်တားဆီးမှုတွေ အလွန်အမင်း များပြားနေတာကို မီးမောင်းထိုးပြခဲ့တဲ့ ဖြစ်ရပ်ပါပဲ။ တရုတ်အစိုးရဟာ စစ်တပ်နဲ့ စစ်ဘက်အရာရှိတွေကို လှောင်ပြောင်စော်ကားခွင့်မရှိလို့ ပိတ်ပင်တဲ့ဥပဒေကို ၂၀၂၁ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

Ref: The joke that cost $2 million: China imposes huge fine for comedian’s army-themed quip

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top