ကမ္ဘာ့ကံအကောင်းဆုံး ထီထိုးသူ သို့မဟုတ် ကမ္ဘာ သင်္ချာအတော်ဆုံးသူ

lotty-winnner.jpg

Joan Ginther လို့အမည်ရတဲ့ အမျိုးသမီးဟာ တက္ကဆက်ပြည်နယ် Bishop မြို့မှာ နေထိုင်ပါတယ်။ သူမဟာ သင်္ချာပရော်ဖက်ဆာ တစ်ဦး ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ သူမဟာ သူမရဲ့ မွေးသက္ကရာဇ်နဲ့ နီးစပ်တဲ့ ဂဏန်းတစ်ခုကို ထီထိုးပြီး ထီပေါက်ခဲ့ပါတယ်။ အမေရိကန်ထီဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅.၄ သန်း ရရှိခဲ့ပါတယ်။

ဆယ်စုနှစ်တစ်ခု ကြာသွားတဲ့အခါ Joan ဟာ သူထီထိုးခဲ့ဖူးတဲ့ ဆိုင်ကနေ ဂဏန်း တစ်ခုကို ထပ်ဝယ်ပြီး ထိုးပါတယ်။ အမေရိကန်ဒေါ်လာ ၂ သန်း ပေါက်ခဲ့ပြီး နှစ်နှစ်ခြား တစ်ခါ ထပ်ထိုးတဲ့အခါ ၃ သန်း တစ်ခါနဲ့ ၁၀ သန်း တစ်ခါ ထပ်ပေါက် ပါတယ်။ သူမဟာ သင်္ချာဂဏန်း Pattern တွက်တဲ့ နည်းနဲ့ ပေါက်နိုင်ချေ ရှိတဲ့ နံပါတ်၊ ယင်းနံပါတ်ရောက်လာနိုင်ချေ ရှိတဲ့ ဆိုင်ကို တွက်ချက်ပြီး ရွေးချယ်ထိုးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို အချို့က ယုံကြည်သလို အချို့ကျတော့လည်း သူမဟာ အင်မတန် ကံကောင်းလွန်းသူ တစ်ဦးသာ ဖြစ်ကြောင်း ဆိုပါတယ်။ သင်္ချာဂဏန်း Random ကျတဲ့ အမေရိကန်ထီကို Patttern တွက်တဲ့ formula နဲ့ အဖြေထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးပြောရလောက်အောင် ခက်ပါတယ်။ ဒါပေမယ့် Joan ကတော့ သင်္ချာ ပရော်ဖက်ဆာ တစ်ဦး ဖြစ်ပါတယ်။

ဒါကြောင့်မို့ Joan ကို သန်းချီဆုကြေးရှိတဲ့ ထီလေးခါ ပေါက်တာကြောင့် ကမ္ဘာ့ ကံအကောင်းဆုံးလူသား သို့မဟုတ် ကမ္ဘာ့ ထီ သင်္ချာအတွက်အတော်ဆုံး လူသားအဖြစ် အသိမှတ်ပြုခဲ့ကြ ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top