ခေတ်ရေစီးကြောင်း‌ပေါ်မှ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှုများ

VIU-LOGO.png

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ လူဦးရေ ရာခိုင်နှုန်းတော်တော်များများက သူတို့ရဲ့ လူမှုရေး၊ စီးပွားရေး စတဲ့ ကိစ္စအဝဝအတွက် မိုဘိုင်းဖုန်းတွေကို ကိုင်ဆောင်လာကြပါတယ်။ ဒီလို အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့အချိန်မှာ ဆက်သွယ်ရေးလုပ်ငန်းတွေက တခြားလုပ်ငန်းနယ်ပယ်တွေနဲ့ မိတ်ဆက်ပူးပေါင်းပြီး သူတို့ရဲ့ ဝန်ဆောင်မှုကို အဆင့်မြှင့်တင်လာကြပါတယ်။

ဟိုးအရင်တုန်းကဆိုရင် မိုဘိုင်းဖုန်းတွေကတစ်ဆင့် ရုပ်ရှင်ကြည့်တာ၊ streaming လုပ်တာတွေက အရမ်းကြီးခေတ်မစားခဲ့သလို လွယ်လည်းမလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွေက ဈေးကွက်ထဲ အပြိုင်အဆိုင်ဝင်ရောက်လာကြပြီး နောက်ပိုင်းမှာတော့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်ဖို့အတွက် ဖျော်‌ဖြေရေးကဏ္ဍတွေနဲ့ပါ ပူးပေါင်းလာပြီး ဝန်ဆောင်မှုတွေကို တိုးမြှင့်လာတာ တွေ့မြင်ရပါတယ်။ မြင်သာတဲ့ ဥပမာတစ်ခုအနေနဲ့ဆိုရင် Viu ဆိုတဲ့ အွန်လိုင်းရုပ်သံဝန်ဆောင်မှုနဲ့ MPT, Ooredoo, Telenor တို့တွေ မိတ်ဖက်ပူးပေါင်းလာကြသလိုမျိုးပေါ့။

ဒီလို ပူးပေါင်းလာမှုတွေက ပြည်သူတွေ မိုဘိုင်းဖုန်းကနေ အွန်လိုင်းရုပ်သံတွေ အဆင်ပြေပြေ ကြည့်ရှုနိုင်ဖို့ အခွင့်အလမ်း ဖွင့်ပေးလိုက်သလိုပါပဲ။ အားလုံးသိကြတဲ့အတိုင်း အခုခေတ်မှာ တရားမဝင် ရုပ်ရှင်တွေတင်တဲ့ illegal sites တွေများလာပြီး၊ တရားဝင် sites တွေဆိုရင်လည်း လစဉ်ကြေးဖြစ်ဖြစ်၊ pay per view လို ရုပ်ရှင်တစ်ကားချင်းစီကို ကြည့်ရှုရယူဖို့ဖြစ်ဖြစ် များသောအားဖြင့် အခကြေးငွေတစ်ခူကို ပေးဆောင်ရပါတယ်။ ဒါပေမယ့် မိတ်ဖက်ပူးပေါင်းပြီး နောက်မှာတော့ MPT, Ooredoo, Telenor အသုံးပြုသူတွေက Viu မှာ အသုံးပြုသူတွေအတွက် ပရီမီယမ်ကြည့်ရှုခွင့်ကို လစဉ်ကြေးမလိုပဲ အခမဲ့ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

အရည်အသွေးကောင်းမွန်တဲ့ ရုပ်သံဇာတ်လမ်းတွေကို မိမိလက်ထဲမှာရှိတဲ့ မိုဘိုင်းဖုန်းတွေကနေပဲ အလွယ်တကူ သက်သက်သာသာနဲ့ ကြည့်လို့ရလာတဲ့အတွက် ပြည်သူတွေအတွက်လည်း အဆင်ပြေသလို ဖျော်ဖြေရေးကဏ္ဍကိုလည်း တစ်ချိန်တည်းမှာပဲ မြှင့်တင်ပေးရာရောက်လို့ အားလုံးအတွက် အကျိုးရှိစေတဲ့ ပူးပေါင်းမှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပူးပေါင်းမှုက ၂၀၁၉ အကုန်ပိုင်းအထိပဲ ဖြစ်တာကြောင့် နောက်နောင်မှာလည်း ဒီလို ပြည်သူတွေအတွက် အဆင်ပြေလွယ်ကူစေမယ့် ပူးပေါင်းမှုတွေ ထပ်ပြီးမြင်တွေ့ရဖို့ မျှော်လင့်မိပါတယ်။ ဒါကြောင့် ပူးပေါင်းမှုတွေ မပြီးဆုံးမီမှာတော့ အာရှတစ်ဝှမ်းက အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်ကားတွေကို အခမဲ့ ကြည့်ရှုခံစားနိုင်ဖို့အတွက် Viu မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Viu app ကိုတော့ App Store နဲ့ Google Play တို့မှာ အခမဲ့ရယူနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top