ဂျာမနီအစိုးရက မြန်မာနိုင်ငံအတွက် နှာခေါင်းစည်းတစ်သန်းကျော် ထောက်ပံ့ပေး

AP21211051229596.0.jpg

ရန်ကုန်၊ စက်တင်ဘာ (၁၃)

Covid-19 ရောဂါတုံ့ပြန်ခြင်းဆိုင်ရာ အဆက်မပြတ်ကူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဂျာမနီအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွက် နှာခေါင်းစည်းတစ်သန်းကျော်ကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Covid19 ရောဂါကနေ ကာကွယ်ရန်နဲ့ ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ရန်အတွက် နှာခေါင်းစည်း Masks တွေက အထိရောက်ဆုံးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်မှာ ခက်ခဲတဲ့အခြေအနေတွေရှိနေပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ မိတ်ဖတ်အဖွဲ့အစည်းတွေပူးပေါင်းပြီး မြန်မာနိုင်ငံက ပြည်သူတွေအတွက် Covid-19 ကပ်ရောဂါကို အတူတကွ ကျော်လွှားနိုင်စေရန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမှီရရှိစေနိုင်ရန်အတွက် နည်းလမ်းအသစ်တွေကို ရှာဖွေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ (၁၂) ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၄၃၁,၈၃၃) ဦးနဲ့ သေဆုံးသူလူနာ စုစုပေါင်း (၁၆,၅၃၀) ဦး ရှိနေပြီဖြစ်ပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top