ရယ်စရာမျက်နှာအမူအယာလေးကြောင့် မြင်သူတိုင်းချစ်ရတဲ့ အင်စတာဂရမ်ဆယ်လီ ကြောင်ဝတုတ်လေး

yyl-030-7.jpg

အသုံးပြုသူတွေကို လူမှုကွန်ယက်ကနေဆွဲဆောင်ထားနိုင်တဲ့အရာတွေထဲမှာ တိရစ္ဆာန်လေးတွေလည်း အပါအဝင်ပါပဲလို့ ပြောရင် လူတိုင်းထောက်ခံကြမယ်ထင်ပါတယ်။ အဲဒီတိရစ္ဆာန်တွေထဲမှာ ကြောင်တွေကလည်း လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ကြောင်လေးတွေကို ချစ်မြတ်နိုးကြတဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ ထောင်ပေါင်းများစွာရှိနေပါတယ်။ ပရိသတ်တွေထောင်ပေါင်းများစွာရှိပြီး စိတ်ဝင်စားချစ်ခင်နေကြတဲ့ ကြောင်တွေထဲမှာ အင်စတာဂရမ်ဆယ်လီလေး မန်ဂို (Manggo) လည်းအပါအဝင်ပါပဲ။

အဲဒီကြောင်လေး မန်ဂိုက ဂျပန်နိုင်ငံက ဖြစ်ပြီး လက်ရှိ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ follower 302k ရှိနေတဲ့ ကြောင်ဝတုတ်လေးပါ။ အင်စတာဂရမ်အကောင့်မှာ မန်ဂိုရဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေလည်း ပါဝင်နေရင်တောင် မန်ဂိုက သေချာပေါက် အားလုံးထဲက ထင်ပေါ်နေတာပါ။ ဘာကြောင့် အဲဒီလိုပြောတာလဲလို့ စာဖတ်ပရိသတ်တွေ မေးခွန်းထုတ်ကောင်းထုတ်နိုင်ပါတယ်။ ဘာလို့လည်းဆိုရင် ဒီကြောင်ဝတုတ်လေးက ရယ်စရာကောင်းတဲ့ မျက်နှာအမူအရာလေးလုပ်နိုင်တဲ့အတွက် မြင်သူတိုင်းက သူ့ကို တန်းမြင်ပြီး ချစ်ခင်နှစ်သက်ကြလို့ပါပဲ။

အခုဆိုရင် မန်ဂိုလေးက ဝတုတ်နေတာကြောင့် diet လုပ်နေရတယ်လို့ သူ့အင်စတာဂရမ်အကောင့်အရ သိရပါတယ်။ လူမှုကွန်ယက်ပေ့ချ်တွေကလည်း ကြောင်လေး (၆.၇) ကီလိုဂရမ်ကနေ (၆.၅) ကီလိုဂရမ်ဖြစ်သွားတယ်ဆိုတဲ့ အကြောင်းပြောပြရင်းနဲ့ သူ့ရဲ့ကိုယ်အလေးချိန်ချနေတဲ့ လုပ်ငန်းစဉ်ကိုလည်း ပြောပြနေပါတယ်။

ကြောင်ဝတုတ်လေး မန်ဂို ဘယ်လောက်တောင် ချစ်ဖို့ကောင်းလည်းဆိုတာ သူ့ရဲ့ပုံတွေ ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်နော်။ ကြောင်မချစ်တဲ့သူတွေတောင် သူ့ရဲ့အပြုအမူလေးတွေမြင်ပြီး ချစ်သွားကြမှာပါ။ ကြောင်ဝတုတ် မန်ဂိုလေး ဘာလို့ follower များနေရလဲဆိုတာ သူ့ရဲ့ပုံတွေကိုသာ ကြည့်လိုက်တော့နော်..။

Ref: This Chubby Cat Makes The Funniest Expressions And Has 302k Followers On Instagram

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top