တရုတ်နိုင်ငံမှာ အစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် အမေရိကန်နိုင်ငံအထိ ပျံ့နှံ့

yyl-018-12.jpg

နိုင်ငံပိုင်နက်အတွင်း ကိုရိုနာဗိုင်းရပ်စ်သစ် ပထမဆုံး ကူးစက်ခံရသူတစ်ယောက် တွေ့ရှိထားတယ်လို့ အမေရိကန်နိုင်ငံက အတည်ပြုခဲ့ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ ကူးစက်ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ လူ ၃၀၀ နီးပါးကို ကူးစက်ထားပြီး သေဆုံးသူ ၆ ယောက် ရှိနေပါတယ်။ တရုတ်နိုင်ငံကနေ အမေရိကန်နိုင်ငံ ဆီယက်တယ်မြို့ကို ရောက်လာတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရတာလို့ ရောဂါထိန်းချုပ်ရေးစင်တာ(CDC)က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှာ စိုးရိမ်တဲ့အတွက် မြောက်ကိုရီးယားနိုင်ငံက နယ်စပ်ဂိတ်တွေမှာ နိုင်ငံခြားသားခရီးသည်တွေ ဝင်ရောက်မှုကို ယာယီပိတ်ပင်ထားတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အမေရိကန်နိုင်ငံသားဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး ဇန်နဝါရီလ ၁၅ ရက်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပြန်ရောက်လာတာလို့ CDC က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top