ဆင်ဟွာပုံနှိပ်တိုက်က တရားဝင်ပုံနှိပ်ထုတ်ဝေလိုက်တဲ့ တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ပထမဆုံး Blue Book

yyl-030-3.jpg

ဆင်ဟွာပုံနှိပ်တိုက်တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ပထမဆုံး Blue Book ဖြစ်တဲ့ “တရုတ်-အာဆီယံ နိုင်ငံတကာကုန်ထုတ်စွမ်းရည်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အာဆီယံကုန်ထုတ်လုပ်ရေး ဥယျာဉ်ဇုန် ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ (၂၀၁၉)” ကို အခုရက်ပိုင်းမှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ဟာ တရုတ်-အာဆီယံကုန်စည်ပြပွဲကလုပ်ငန်းရှင်တေါကို ဦးတည်ဝန်ဆောင်မှုပေးတဲ့၊ စီးပွားကုန်သွယ်ရေးလက်တွေ့ထိရောက်မှုကိုမြှင့်တင်ပေးတဲ့ ဆန်းသစ်တီထွင်မှုအစီအမံဖြစ်ပြီး လုပ်ငန်းရှင်တွေရဲ့ နိုင်ငံတကာကုန်ထုတ်စွမ်းရည်ပူးပေါင်းဆောင်ရွက်မှုနဲ့ ဥယျာဉ်ဇုန်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်နိုင်ရေးမှာ အသုံးဝင်စေတဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ထုတ်စွမ်းရည်ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံကုန်ထုတ်လုပ်ရေးဥယျာဉ်ဇုန်မှာရင်းနှီးမြှုပ်နှံရေးတို့အတွက် လိုအပ်ချက်အများအပြားရှိနေပေမဲ့လည်း သတင်းအချက်အလက်ကိုက်ညီမှုမရှိတာကြောင့် “နိုင်ငံပြင်ပသို့ထွက်ခွာ၍ လုပ်ငန်းဆောင်ရွက်ရန်” ဆန္ဒရှိသူ တရုတ်လုပ်ငန်းရှင်များစွာက အာဆီယံနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်အပေါ် နားလည်နိုင်ဖို့လိုအပ်နေပါတယ်။ ဒီစာအုပ်က ကုန်ထုတ်လုပ်ငန်းမူဝါဒ၊ ဥယျာဉ်ဇုန်ရင်းနှီးမြှုပ်နှံမှုအခြေအနေ စတဲ့ လက်တွေ့အသုံးဝင်သောသြဇာကြီးမားတဲ့သတင်းအချက်အလက်တွေကို ပံ့ပိုးပေးနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။ တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးနဲ့ တရုတ်နိုင်ငံ စီးပွားရေးသတင်းအချက်အလက်ဌာနတို့က ပူးပေါင်းရေးသားပြုစုပြီး ဆင်ဟွာပုံနှိပ်တိုက်ကထုတ်ဝေလိုက်တဲ့ ဒီစာအုပ်မှာ အောက်ပါထူးခြားချက်တွေပါဝင်နေတာကိုတွေ့ရပါတယ်။

၁။ လက်တွေ့အသုံးဝင်ခြင်း

စာအုပ်ပါအကြောင်းအရာတွေဟာ သေချာတိကျမှုရှိပြီး ကိန်းဂဏန်းအချက်အလက်ပြည့်စုံတဲ့အတွက် ထိရောက်အသုံးဝင်မှုရှိပါတယ်။ အာဆီယံနိုင်ငံအသီးသီးရဲ့ ကုန်ထုတ်လုပ်ရေးဥယျာဉ်ဇုန်ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်၊ ဦးစားပေးမူဝါဒ စတဲ့ လုပ်ငန်းရှင်တွေရဲ့ တရုတ်-အာဆီယံကုန်ထုတ်စွမ်းရည် ပူးပေါင်းဆောင်ရွက်မှုနဲ့ အာဆီယံနိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်ရေးဥယျာဉ်ဇုန်ဆိုင်ရာအချက်အလက်လိုအပ်ချက်ကိုလည်း ပြည့်ပြည့်ဝဝ ဖြည်ဆည်းပေးနိုင်ပါတယ်။

၂။ သြဇာကြီးမားခြင်း

စာအုပ်ပါအချက်အလက်တွေကို တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေက အစိုးရဌာနဆိုင်ရာတွေနဲ့ ဥယျာဉ်ဇုန်စီမံခန့်ခွဲသူတွေဆီကရရှိပြီး မူဝါဒဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း၊ အန္တရာယ်ဖြစ်နိုင်ချေအကဲဖြတ်သုံးသပ်ခြင်းတွေကို ဆောင်ရွက်ထားပါတယ်။ လုပ်ငန်းရှင်တွေ အာဆီယံကုန်ထုတ်လုပ်ရေးဥယျာဉ်ဇုန်မှာရင်းနှီးမြှုပ်နှံနိုင်ဖို့နဲ့ တရုတ်-အာဆီယံ နိုင်ငံတကာကုန်ထုတ်စွမ်းရည်ပူးပေါင်းဆောင်ရွက်မှုမှာပါဝင်နိုင်ဖို့အတွက် ယုံကြည်ကိုးစားနိုင်လောက်သော သတင်းအချက်အလက်တွေကို ထောက်ပံ့ပေးထားပါတယ်။

၃။ တမူထူးခြားမှုရှိခြင်း

ဒီစာအုပ်မှာ ကုန်ထုတ်စွမ်းရည်ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံကုန်ထုတ်လုပ်ရေးဥယျာဉ်ဇုန်ဆိုင်ရာအကြောင်းအရာတွေအပြင် တရုတ်-အာဆီယံကုန်စည်ပြပွဲကပြုလုပ်တဲ့ ကုန်ထုတ်စွမ်းရည်၊ ဥယျာဉ်ဇုန်ဆိုင်ရာ ထူးခြားချက်ရှိလှုပ်ရှားမှုတွေကိုလည်း လုပ်ငန်းရှင်တွေနဲ့ မိတ်ဆက်ပေးထားပါတယ်။ ဥပမာ – နိုင်ငံတကာကုန်ထုတ်စွမ်းရည်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆက်စပ်လှုပ်ရှားမှုတွေ၊ အာဆီယံကုန်ထုတ်လုပ်ရေးဥယျာဉ်ဇုန်ရင်းနှီးမြှုပ်နှံသူဖိတ်ခေါ်ပွဲ၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ ရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်မှုစကားဝိုင်း၊ အာဆီယံနိုင်ငံများဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူးတွေနဲ့ လုပ်ငန်းရှင်တွေဆွေးနွေးပွဲစတဲ့အကြောင်းတွေကို မိတ်ဆက်ပေးထားပြီး လုပ်ငန်းရှင်တွေ အာဆီယံကုန်ထုတ်လုပ်ရေးဥယျာဉ်ဇုန်ကတစ်ဆင့် နိုင်ငံတကာကုန်ထုတ်စွမ်းရည်ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နိုင်စေတဲ့အထိ ထောက်ပံ့ပေးနေပါတယ်။

၄။ ဆန်းသစ်တီထွင်ခြင်း

ဒီစာအုပ်ဟာ တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ (၄) ရက်တာပြပွဲကာလအတွင်းကဝန်ဆောင်မှုတွေကို တစ်နှစ်ပတ်လုံးအထိ ဖြန့်ကြက်ပေးပြီး လုပ်ငန်းရှင်အတွက် တရုတ်နိုင်ငံနဲ့အာဆီယံနိုင်ငံတေါအကြား ပုံမှန်ရင်းနှီးမြှုပ်နှံကုန်သွယ်မှုတွေဆာင်ရွက်နိုင်ရေးအတွက် တိုက်ရိုက်အချက်အလက်ဝန်ဆောင်မှုပေးတဲ့ ဆန်းသစ်တီထွင်မှုအစီအမံဖြစ်ပါတယ်။ တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ ပြပွဲတန်ဖိုးကွင်းဆက်ကို ဖြန့်ကျက်ပေးတဲ့လုပ်ငန်းရှင်တွေအတွက် တန်ဖိုးမြင့်ဝန်ဆောင်မှုတွေပေးအပ်ဖို့ အသေးစိတ်ဆောင်ရွက်ချက်တစ်ခုလည်းဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top