ဝမ်းမချုပ်အောင် ဂရုစိုက်ပါ

yyl-075.jpg

ဝမ်းချုပ်ခြင်းဟာ လူတစ်ယောက် ကျန်းမာရေးရဲ့ တစ်စိတ် တစ်ဒေသ ဖြစ်ပါတယ်။ အစားအသောက်တွေ ထဲမှာ ဟင်းရည် မပါတာက တစ်ကြောင်း၊ ဝမ်းချုပ်စေသော အစားအစာတွေ ကြောင့်လည်းကောင်း၊ အထိုင်များတဲ့ အတွက်ကြောင့်လည်းကောင်း ဝမ်းချုပ်စေပါတယ်။

ဝမ်းချုပ်ပြီဆိုရင် ခေါင်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။ နေရထိုင်ရတာ မရွှင်မလန်းနဲ့ လျာများ နှုတ်ခမ်းများလည်း အက်ကွဲ လာပါတယ်။ ပါးစပ်ကလည်း မကောင်းတဲ့ အနံ့အသက်တွေ ထွက်လာပါလိမ့်မယ်။ ဒါကြောင့် ဝမ်းမချုပ် ရလေအောင် အထူးဂရုစိုက် နေထိုင် စားသောက်ပါ။

နံနက်စောစော ရေတစ်ခွက်သောက်ခြင်းနှင့် လမ်းလျောက်ခြင်းတွေက ဝမ်းမချုပ်အောင် တားဆီးပေးတဲ့ အပြင် ထမင်းစားတဲ့ အခါမှာ ဟင်းချိုတစ်ခွက်နှင့် အသီးအရွက်တွေကတော့ ဝမ်းကိုပျော့ပျောင်း စေနိုင်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top