တစ်ပတ်လောက် သင်္ဘောသီးစားရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

24-3-2020-yyl-007.jpg

သင်္ဘောသီးကို အိန်ဂျယ်တွေရဲ့သစ်သီးလို့ တင်စားကြပါတယ်။ လူခန္ဓာကိုယ်ကို ဘယ်လောက်အကျိုးကျေးဇူးရှိလဲဆိုတာကို သိသွားတဲ့အခါကျရင် တင်စားထားတဲ့စကားကို ထောက်ခံမိကြမှာပါ။ သင်္ဘောသီးက အရသာကောင်းရုံသာမက တစ်ပတ်လောက် စားလိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို အားအင်တွေ တိုးလာစေနိုင်ပါတယ်။ သင်္ဘောသီးစားရင် သင့်ခန္ဓာကိုယ်ကို ဘယ်လိုတွေ ကူညီပေးလည်းဆိုတာကို ဆက်လက်ဖတ်ရှုကြည့်ရအောင်..။

ကိုလက်စထရောကို လျော့ချပေးတယ်

ဒီအသီးက ကိုလက်စထရောပမာဏများတာကို နည်းသွားအောင်ကူညီပေးနိုင်တဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာ ပါဝင်တဲ့ အန်တီအောက်စီဒန့်နဲ့ ဗီတာမင်ဓာတ်တွေက နှလုံးကျန်းမာရေးကို ကာကွယ်ပေးပါတယ်။

ကပ်ပါးကောင်နဲ့သန်ကောင်တွေကိုလည်း ဖယ်ရှားပေးတယ်

ကပ်ပါးကောင်နဲ့ သန်ကောင်တွေက သင့်ခန္ဓာကိုယ်ကို ပျက်စီးစေနိုင်တဲ့အတွက် ကပ်ပါးကောင်နဲ့သန်ကောင်တွေ ဗိုက်ထဲမရှိအောင် နေဖို့ အရေးကြီးလှပါတယ်။ သင်္ဘောသီးက ခန္ဓာကိုယ်ကနေ ကပ်ပါးကောင်တွေကို ဖယ်ရှားပေးပါတယ်။ သင်္ဘောသီးအစေ့ကလည်း အရမ်းအကျိုးကျေးဇူးရှိပါတယ်။

ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတယ်

သင်္ဘောသီးက ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ အာဟာရဓာတ် ဗီတာမင် အေ၊ စီဓာတ်တွေ ပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်ပြီး ကိုယ်ခံအားစနစ် ကောင်းဖို့အတွက် ကူညီပေးပါတယ်။

နီမြန်းရောင်ရမ်းမှုကို လျော့ချပေးတယ်

သင်္ဘောသီးက နီမြန်းရောင်ရမ်းမှုတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒါက နီးမြန်းတဲ့အသားရေကို တိုက်ဖျက်ဖို့အတွက် အဆစ်ရောင်ရောဂါ၊ အဆစ်အမြစ်နာကျင်တာ၊ ဂေါက်နာ၊ ပန်းနာရင်ကြပ်ရောဂါတွေအတွက် အရမ်းအသုံးဝင်နိုင်ပါတယ်။

အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေတယ်

သင်္ဘောသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အိုမင်းရင့်ရော်မှု နှောင့်နှေးသွားအောင် ကူညီပေးနိုင်ပါတယ်။ သင်္ဘောသီးက သင့်အသားရေကို နေလောင်ဒဏ်၊ အရေးအကြောင်းတွေကနေ ကင်းဝေးအောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအားကို ထိန်းညှိပေးတယ်

သင်္ဘောသီးမှာ ပါဝင်တဲ့ Carpaine ကာပိန်းဓာတ်က သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်ပါတယ်။ အဲဒီဓာတ်က သွေးဖိအားကို ထိန်းညှိပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို လျော့နည်းစေတယ်

သင်္ဘောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီက စိတ်ဖိစီးမှုကို လျော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ သင်္ဘောသီးက စိတ်ဖိစီးမှု ဟော်မုန်းစီးဆင်းမှုကို ထိန်းညှိပေးတယ်လို့ ဆိုပါတယ်။

သင်္ဘောသီးစေ့ကို ဘယ်လိုစားသုံးမလဲ

အပတ်တိုင်း သင်္ဘောသီးစားသုံးတာက အကျိုးကျေးဇူးရှိပါတယ်။ တူညီတဲ့အကျိုးကျေးဇူးကို ရဖို့အတွက်လည်း သင်္ဘောသီးစေ့ကိုလည်း စားလို့ရပါတယ်။ သင်္ဘောသီးစေ့ကလည်း သန်ကောင်၊ ကပ်ပါးကောင်တွေကို ဖယ်ရှားပေးတာ၊ ကျောက်ကပ်ကို ကာကွယ်ပေးတာ၊ နီးမြန်းရောင်ရမ်းခြင်းကို လျော့ချပေးတာ၊ ဘတ်တီးရီးယားတွေကို တိုက်ဖျက်ပေးတာတွေနဲ့ ကူညီပေးပါတယ်။ အကျိုးကျေးဇူးတွေရှိပေမဲ့လည်း သင်္ဘောသီးစေ့က အရမ်းပြင်းပါတယ်။ ဒါကြောင့် တစ်နေ့ကို စားပွဲတင်ဇွန်း (၁) ဇွန်းစားသုံးဖို့ အကြုံပြုချင်ပါတယ်။ သင့်ခန္ဓာကိုယ်က သင်္ဘောစေ့နဲ့ အသားကျသွားရင် တစ်နေ့ကို စားပွဲတင်ဇွန်း (၂) ဇွန်းစားသုံးလို့ရပါတယ်။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေက သင်္ဘောသီးစေ့ကို မစားသုံးသင့်ဘူးဆိုတာကို သိဖို့လည်း အရေးကြီးပါတယ်။

Ref: 7 Things That Can Happen to Your Body If You Eat Papaya Once a Week

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top